အမိုက်စားအဆိုတော်တွေဖြစ်တဲ့ တင်ဇာမော်၊ ချောစုခင်နဲ့ ကော်နီတို့ သုံးယောက်ကတော့ ငွေဆောင်မှာအပြတ်ကဲနေကြပါပြီ။ 90 Born တွေကြားမှာ သူတို့သုံးယောက်ရဲ့ သံစဉ်တွေ က အတော်လေးဖမ်းစားနိုင်ခဲ့တာပေါ့။ အဆိုတော် တင်ဇာမော်ဟာဆိုရင် Myanmar Idol အစီအစဉ်မှာလဲ အဆုံးအဖြတ်ပေးသူနေရာက ပါဝင်ခဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “ ဧည့်သည်” ဆိုတဲ့သီချင်းအသစ်ကိုလဲ ပရိတ်သတ်တွေအကြိုက် တွေ့ခဲ့ပါတယ်။

သုံးယောက်လုံးရဲ့တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ သံစဉ်လေးတွေလည်း ရှိခဲ့ပါတယ်။ တင်ဇာမော်ရဲ့ “ အချစ်မရှိနေ့ရက်များ ” ချောစုခင်ရဲ့ “ ရှားရှားပါးပါးမျက်ရည် ” ကော်နီရဲ့ “ Blue Jean ” စတဲ့သီချင်းတွေ ကတော့ 90 Born တွေကြားမှာ ရေပန်းအစား ခဲ့ဆုံးသီချင်းတွေဖြစ်ခဲ့ပါတယ်။ အတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာ သီချင်း ခွေသစ်တွေ ထပ်မလုပ်တော့ပဲ Show တွေမှာပဲ တွေ့ရတတ်ပါတော့တယ်။

လတ်တလောမှာတော့ သူငယ်ချင်းသုံးယောက်အတူတူ ငွေဆောင်ကမ်းခြေမှာ အပန်းဖြေန ပါတယ်။ သူတို့အပြတ်ကဲနေကြတယ်ပေါ့နော်။ အတူတူ ပျော်ရွှင်နေတဲ့ သူတို့သုံးယောက်ရဲ့ ပုံရိပ်တွေကို ပရိတ်သတ်တွေ အမှတ်တရရှိစေဖို့ ဝေမျှပေးလိုက် ပါတယ်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။