အေးသောင်းလို့ပြောလိုက်တာနဲ့ နှစ်ခါပြန်မေးစရာမလိုအောင် သိကြမှာပါ။ ဟုတ်ပါတယ် အေးဝတ်ရည်သောင်းပါ။ အနုပညာလောက ကနေ ခဏတာ အနားယူခဲ့ပြီး ပရိတ်သတ်တွေ  ဆီ ပြန်ရောက်လာတဲ့အချိန်မှာလဲ အကြီးအကျယ်ဝန်းရံခံခဲ့ရသူပါ။ သူမရဲ့မြန်မာဆန်ဆန် လှပတဲ့ အနုအလှတွေကြောင့် ပုရိသတို့ နှုတ်ဖျားမှာ အေးသောင်းဆိုတာ အပြော အများဆုံးစကားစုလေးပေါ့။

သူမရဲ့မြန်မာဆန်ဆန်ဝတ်စုံ Fashion လေးတွေကတော့ အမြဲတမ်းရိုးမသွားပဲ လှပဆန်းသစ် နေတာချည်းပါပဲ။ အခုလဲ အစိမ်းနဲ့အနက်ရောဖောက်ထားတဲ့ ဝတ်စုံအသစ်ကလေးနဲ့ လှချင် တိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်အသစ်လေးတွေကို ပရိတ်သတ်တွေဆီ အရောက်ပို့ပေးလိုက် ပါတယ်။ လှလိုက်တဲ့မအေးသောင်းပါပဲ။ မြန်မာဆန်ဆန်ညိုတိုတိုအသားအရည်လေးနဲ့ သူမဟာ တကယ်ကိုလိုုက်ဖက်လွန်းပါတယ်။

ပုံလှလှလေးတွေတင်တိုင်း ကဗျာဆန်ဆန်စာသားလေးတွေနဲ့ တစ်ခုမဟုတ်တစ်ခု တွဲတင် တတ်ပါတယ်။ အခုလဲ ကျူပင်ခုတ် ကျူငုတ်မကျန်တဲ့ အချစ်ဆိုတာလဲ ကျူပင်လိုပါပဲလား အစအနကျန်ရင် ဆက်ချစ်နေမိတာပဲ ဆိုတဲ့ ခပ်မိုက်မိုက်စာသားလေးတွေနဲ့ သူမရဲ့ အလှ ပုံရိပ်တွေကို တွဲဖက်တင်ပေးလိုက်တာမို့ Myanmarload ပရိတ်သတ်ကြီးအတွက်လဲ မနားတမ်းဝေမျှပေးလိုက်ပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။