ယနေ့အောက်တိုဘာ(၁၈)ရက်နေ့ဟာ အဆိုတော် ထက်ယံရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။ ယနေ့မွေးနေ့မှာတော့ အသက်(၂၃)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်..။ မွေးနေ့အလှူအဖြစ် ရန်ကုန်ဆေးရုံကြီးမှာ အလှူများ သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်..။ ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နဲ့အာရုံကြောဌာနမှာ လှူဒါန်းမှာ ဖြစ်ပြီး ညနေ(၃)နာရီလောက်မှာတေ့ာ မြောက်ဒဂုံ NLD Aids Center မှာ အအေးနဲ့မုန့် များကိုလည်း သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်..။ ထို့နောက်မှာ သီချင်းများနဲ့လည်း ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

သူ့ရဲ့ မွေးနေ့ ပလန်ကို အောက်တိုဘာ(၁၇)ရက်နေ့မှာ သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်..။ “မနက်ဖြန် မွေးပလန်.. (မနက်ပိုင်း(၁)နာရီလောက် ရန်ကုန်ဆေးရုံကြီး ဦးနှောက်အာရုံကြောဌာနမှာ နေ့လည်စာသွားလှူပါမယ်..။ ညနေပိုင်း(၃)နာရီလောက်မှာတော့ မြောက်ဒဂုံက NLD Aids Center မှာ အအေးနဲပ မုန့် ပြီးတော့ သီချင်းလေး ဘာလေးဆိုပြီး လှူတန်းမယ့် အစီအစဉ်ရှိပါတယ်..။ လိပ်စာ အတိအကျကတော့ စိုက်ပျိုးရေးခြံ ဟိုင်စင်ဒူးဝါးလမ်း ၁၁ ရပ်ကွက် အရှေ့ဒဂုံ ကုန်ပဒေသာမှတ်တိုင် ညာချိုး တပင်ရွှေထီးလမ်း တည့်တည့်ဝင် ဗိုလ်မင်းခေါင်လမ်း ညာချိုး NLD AIDS CENTER) ဆိုပြီး လမ်းညွှန်ထားပါတယ်..။ အအေးနဲပ မုန့်ရယ် မိမိတတ်နိုင်တာလေးတွေ ဝင်ရောက်အားဖြည့် လှူဒါန်းနိုင်ပါတယ်လို့..” ရေးသားထားပါတယ်..။

အောက်တိုဘာ(၁၈)ရက်နေ့မှာ ထွက်မယ်ဆိုတဲ့ သူ့ရဲ့ In My Life DVD Live Show ကိုလည်း မထွက်ဖြစ်တော့ဘူးလို့ ဆိုပါတယ်..။ စဉ်းစားထားတဲ့ အစီအစဉ်တွေ ဘာတစ်ခုမှမလုပ်ရသေးဘဲနဲ့ ချက်ချင်းကြီးူ မထွက်ဖြစ်ချင်တဲ့အတွက် ရက်ရွှေ့လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်..။ ရက်ရွှေ့လိုက်ပေမယ့် အများကြီး မဟုတ်ဘဲ လာမယ့်နိဝင်ဘာလမှာ Promotion (၃)နေရာလုပ်ပြီး ရက်ကိုတော့ နောက်တစ်ခေါက် ထပ်မလွဲချင်တဲ့အတွက် သေချာမှ ပြောပါမယ်လို့ လည်း ပြောပါတယ်..။ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ရှိုးပွဲတွေ သီဆိုဖျော်ဖြေနေပြိး In My Life အခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။