ရုပ်ရှင်သရုပ်ဆောင်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ပရဟိတသမား ဦးကျော်သူဟာ ကျန်းမာရေး မကောင်းလို့ ဆေးရုံတတ်နေရတဲ့ ဇာတ်ပို့ ဇာတ်ရံ ဟာသ သရုပ်ဆောင် ကစ်ကစ်ကို ဆေးဖိုးငွေအချို့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။ နာရေးကူညီမှုအသင်းမှ တစ်ဆင့် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ အဆုပ်နဲ့နှလုံးမှာ ရေဝပ်နေလို့ ပြီးခဲ့တဲ့အောက်တိုဘာ(၁၂)ရက်နေ့ က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်..။ ယခင်ရောဂါ အခံဖြစ်တဲ့ ဆီးချို၊ သွေးချိုနဲ့ နှလုံး ရောဂါ အခြေအနေတွေကြောင့် မကြာခဏနာမကျန်းဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်..။

ဦးကျော်သူကလည်း အောက်တိုဘာ(၁၇)ရက်နေ့မှာ ကစ်ကစ်အတွက် အလှူငွေအချို့လှူဒါန်းခဲ့ပြီး အားပေးစကားများပြောကြားခဲ့တယ်လို့ သိရပါတယ်..။ ဦးကျော်သူက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ “ကစ်ကစ် အမြန်ကျန်းမာ ချမ်းသာစေ.။ အဆုတ်နှင့် နှလုံးတွင် ရေဝင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတတ်ရောက် ကုသနေရသော ရုပ်ရှင်လောကမှပညာရှင်ညီမတစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် ဆေးကူညီမှုအဖြစ် ယနေ့နေ့လည်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေငါးသောင်းကျပ်(၅၀၀၀၀ိ/-)နှင့် ကျော်သူပရဟိတကွန်ယက်မှ အလှူငွေတစ်သိန်းကျပ်(၁၀၀၀၀၀ိ/-) အား သွားရောက်လှူဒါန်းအားပေးစကားပြောကြားခဲ့ပါသည်..” လို့ ရေးသားထားပါတယ်..။

အဆုပ်နဲ့ နှလုံးမှာ ရေဝပ်နေလို့ မကြာသေးခင် ရက်ပိုင်းလောက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာထပ်မံ ဆေးကုသခံယူနေပြီး ကျန်းမာရေးအခြေအနေပြန်လည် သက်သာကောင်းမွန်နေပြီ ဖြစ်တယ်လို့ သိရပါတယ်..။ ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသမှုခံယူနေတဲ့ ကစ်ကစ်ကို ပရိသတ်တွေကလည်း စိတ်ပူနေခဲ့ကြပါတယ်..။ အအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး “ပရိုဂျူဆာမကြီးစိုး” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်..။ လတ်တလောမှာတော့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတတ်နေရတဲ့အတွက် ရိုက်ကူးရေးတွေကို နားထားရတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။