ရုပ်ရှင်သရုပ်ဆောင် ပြည်သူချစ် ပရဟိတသမား ဝေဠုကျော်ဟာ မောင်တောမြို့မှာ ကထိန်ခင်းအလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။ ကထိန်ရာသီရောက်ပြီဖြစ်တဲ့ အတွက် ကထိန်ခင်းအလှူဒါန်းများ ပြုလုပ်ကြရာ မောင်တောမြို့ကိုရောက်ရှိနေတဲ့ ဝေဠုကျော်တို့ ပရဟိတ အဖွဲ့သားများကလည်း အခုလို ကထိန်ခင်း အလှူဒါန်းများ ပြုလုပ်ခဲ့ပါတယ်..။ အောက်တိုဘာ(၁၇)ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဲရုံကျေးရွာမှာ ကထိန်ခင်း လှူဒါန်းခဲ့တဲ့တာ ဖြစ်ပါတယ်..။ ထိုအလှူလေးကိုတော့ ဝေဠုကျော်ဦးဆောင်ပြီး ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ ဝေဟင်အောင်ပရဟိတအဖွဲ့တို့က ပူပေါင်းလှူဒါန်းတာ ဖြစ်တယ်လို့ သိရပါတယ်..။

စိတ်သောက ရောက်နေတဲ့ မောင်တောဒေသခံများအတွက် တဒင်္ဂလေးပဲဖြစ်ဖြစ် စိတ်ဖြေဖျောက်နိုင်ဖို့အတွက်လည်း ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်..။ မောင်တောမှာ ကထိန်ခင်းလှူဒါန်းဖြစ်တဲ့ကြောင်းကို အခုလို ပြောပြထားပါတယ်..။ “ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဲရုံကျေးရွာတွင် ဝေဠုကျော်ဖောင်ဒေးရှင်း နှင့် ဝေဟင်အောင်ပရဟိတအဖွဲ့ တို့ ပူပေါင်း၍ မောင်တောအတွက် ကထိန်အလှူတော်မင်္ဂလာ စတင်ပြုလုပ်.. မောင်တောဒေသတွင် ရပ်ချစ် ရွာချစ် မြေချစ်စိတ်တို့ဖြင့် စိတ်သောကရောက်ခဲ့ရသော ဒေသခံများအတွက် တဒင်္ဂစိတ်ဖြေဖျောက်နိုင်စေရန် အလှူရှင်များ၏ လှူဒါန်းငွေတို့ဖြင့် စုပေါင်းလှူဒါန်းဖြစ်ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်စေသော်ဝ်..” ဟု ရေးသားထားပါတယ်..။

အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောမြို့မှာ ရွာသားတွေနဲ့အတူ ကထိန်ခင်းအလှူပြုလုပ်ပြီး သံဃာတော်များကို လှူဖွယ်ပစ္စည်းများလည်း ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ ဝေဠုကျော်ဟာ အနုပညာဘက်မှာ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့အပြင် ပရဟိတဘက်မှာလည်း အောင်မြင်ကျော်သူ တစ်ယောက်ဖြစ်ပါတယ်..။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ တကယ်လိုအပ်နေတဲ့ နေရာတွေကို ရောက်အောင်သွားရောက် ကူညီလှူဒါန်းတတ်သူဖြစ်တဲ့အတွက် ပရိသတ်တွေကဆီက ချီးကျူးလေးစားမှုများနှင့် ချစ်ခင်အားပေးမှုများ ရရှိနေသူဖြစ်ပါတယ်..။ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပေမယ့် ပရဟိအလုပ်တွေကိုပဲ ဆက်တိုက် ပြုလုပ်နေတဲ့ ဝေဠုကျော်ဟာ ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ ပြည်သူချစ် ပရဟိတ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။