ပရိသတ်တွေဟာ သူတို့အားပေးကြရတဲ့ အနုပညာရှင်တို့ရဲ့ အနုပညာဖန်တီးမှုတွေကိုသာမက တနေ့တာလှုပ်ရှားမှုတွေ သူတို့ရဲ့ ဝတ်သားဆင်ယင်ပုံတွေကိုလည်း သိတ်ဝင်တစားကြည့်တတ်ကြပါတယ်။ ယခုတစ်ခါမှာတော့ ပရိသတ်တွေအတွက် နာမည်ကြီး မင်းသမီးတွေ အဆိုတော်တွေ နဲ့ အလှမယ်တွေရဲ့ ရေကူးကန်ဖက်ရှင်အလှ ဓာတ်ပုံတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

ပထမဆုံးအနေနဲ့ ဖော်ပြေပေးမှာကတော့ မင်းသမီး မေ ဖြစ်ပါတယ်။ သူမဟာ တလောက သူမရဲ့ လူမှုစာမျက်နှာထက်မှာ ရေကူးကန်မှာ ရိုက်ကူးထားတဲ့ဓာတ်ပုံလေးတွေကို တင်ခဲ့ပါတယ်။ မေ ဟာ ယခုလိုပုံစံလေးနဲ့ ဓာတ်ပုံတင်တာရှားတာမို့ ဒီဓာတ်ပုံတွေဟာ ပရိသတ်တွေကြား လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး အားပေးသူ အမြောက်အမြားလည်း ရှိခဲ့ပါတယ်။

ဒုတိယကတော့ နာမည်ကြီး အဆိုတော် ပိုပို ဖြစ်ပါတယ်။ ပိုပိုတစ်ယောက်ကတော့ သူမရဲ့ fan page ကနေတဆင့် ဘာလီကမ်းခြေကို ရောက်ရှိနေတဲ့ ဓာတ်ပုံလေးတွေကို တင်ထားပါတယ်။ "မမ လှလှ ပိုပို ရေစိမ်သည်ပေါ့ ?( ရေမကူးတတ်ပါ )" ဆိုတဲ့ စာသားလေးနဲ့အတူ တင်ခဲ့တဲ့ အလှဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား အတော်လေး နာမည်ကြီးသွားပါသေးတယ်။

နောက်ဆုံးတစ်ဦးကတော့ Miss Grand International Myanmar တစ်ဦးဖြစ်တဲ့ အလှမယ် ထားထက်ထက် ဖြစ်ပါတယ်။ တနိုင်တပိုင် ပရဟိတအလုပ်တွေ နိုင်ငံသားတစ်ဦးလုပ်သင့်တဲ့ အလုပ်တွေကို လုပ်တတ်တဲ့သူမကလည်း သူမရဲ့ ရေကူးကန်က အလှဓာတ်ပုံတွေကို တင်ခဲ့ပြီး ပရိသတ်တွေကလည်း အားပေးခဲ့ကြပါတယ်။ ကဲ ပရိသတ်ကြီးရေ သူတို့သုံးဦးရဲ့ ရေကူးဖက်ရှင် အလှဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.........

Photo Source: Celebrities' Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။