ဒီတစ်ခေါက်မှာတော့ အနုပညာလောကထဲကို ခြေလှမ်းစတင်ဝင်ရောက်နေတဲ့ တက်သစ်စ မော်ဒယ်လ်တွေထဲမှာ ပရိသတ်တွေ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံခြင်းခံရတဲ့ အမျိုးသား မော်ဒယ်လ် ငါးဦးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၅• ငြိမ်းသော်

နောက်ဆုံးတစ်ဦးကတော့ ပရိသတ်တွေချစ်ကြတဲ့ မုံရွာသား ငြိမ်းသော် ဖြစ်ပါတယ်။ ပရိသတ်တွေကြား ညမင်းသားလို့ နာမည်ကြီးပြီး သူအဓိကပါဝင်ထားတဲ့ ထိုဇာတ်ကားဟာ အတော်လေး ပရိသတ်တွေကြား အတော်လေးပေါက်ခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပြီး လက်ရှိမှာတော့ ESCORT FASHION အတွက် ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

၄• ကျော်ရဲမြင့်ငြိမ်း

နှုတ်ခမ်းနီမလေးတွေကြား နာမည်ကြီးတဲ့ နှင်းဆီခိုင်တွေထဲက တစ်ပွင့်ဖြစ်ပါတယ်။ ပရိသတ်အများစုကတော့ သူ့ရဲ့ အပြုံးလေးတွေကို ကြွေတာဖြစ်တယ်လို့ ဆိုပါတယ်။ MTV တွေ Magazine တွေနဲ့ ဓာတ်ပုံရိုက်ကူးမှုများစွာမှာ တွေ့ရပြီး လက်ရှိမှာတော့ မော်ဒယ်လ်တစ်ဦးအဖြစ် ရပ်တည်လို့နေတာတွေ့ရပါတယ်။

၃• တိုင်ရွန် ( Tryon Bejay )

ပရိသတ်တွေရဲ့ အထူးနှစ်သက် အားပေးမှုကို ရရှိထားတဲ့သူတွေထဲမှာ တိုင်ရွန်လည်း ပါဝင်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ အဝင်းလို့ ခေါ်ကြပြီး သူ့ရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေဟာ ပရိသတ်တွေကြား နာမည်ကြီးလှပါတယ်။ တလောက လုလုအောင်နဲ့ ရိုက်ခဲ့တဲ့ MTV က ဓာတ်ပုံတစ်ပုံကြောင့် troll ခံခဲ့ရမှုကို ဟာသနှောပြီး ပြန်လည်ဖြေရှင်းခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။

၂• ထူးအောင်

နှုတ်ခမ်းထူထူ ဘော်ဒီခပ်မိုက်မိုက်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ Body perfect ဖြစ်အောင် ကြိုးစားနေပြီး အောင်ရဲလင်း ကို အားကျပါတယ်ဆိုတဲ့ ထူးအောင်ဟာ "ဘုန်းကညာနှစ်ပါး" ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ "မန္တလာမြေမှ မန်းသစ္စာ" ဇာတ်ကားကြီးအတွက် မန္တလေးမြို့ကို ရောက်ရှိလို့နေပါတယ်။

၁• ချမ်းမင်းရဲထွဋ်

အမျိုးသမီး ပရိသတ်တွေ အားပေးကြတဲ့ မော်ဒယ်တွေထဲမှာ သူလည်း ထိပ်ဆုံးကပါဝင်လို့နေပါတယ်။ လွိုင်ကော်မြို့ကနေ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့ ရန်ကုန်ကိုရောက်ရှိလာသူဖြစ်ပြီး လက်ရှိမှာတော့ "ည" ဇာတ်ကားမှာ ပါဝင်ထားပြီး ပရိသတ်အသိအမှတ်ပြု ခံထားရသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ "သမ္မတကြီးထံ ပေးစာ" ဇာတ်ကားမှာ ဖွေးဖွေးနဲ့အတူ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 

ကဲ ဘယ်တစ်ယောက်ကို အကြွေဆုံးလည်း ပရိသတ်ကြီးရေ........

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။