ချစ်စရာကောင်းတဲ့ ရေဝတီဆိုတဲ့ကောင်မလးကို ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။ပဉ္စလက်ရွှာရုပ်သံဇာတ်လမ်းတွဲလေးထဲကသရုပ်ဆောင်ပီပီပြင်ပြင်နဲ့သနားစရာကောင်းတဲ့ဇာတ်ကောင်လေးရေဝတီအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပရိသတ်အချစ်တော်သရုပ်ဆောင်နန်းစန္ဒာလှထွန်းဟာပရိသတ်အားပေးမှုအခိုင်အမာရရှိနေပြီး အနုပညာလှုပ်ငန်းတွေဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ပဉ္စလက်ရွှာရုပ်သံဇာတ်လမ်းတွဲလေးကိုပရိသတ်ကြီးအနေနဲ့ အားပေးကြည့်ရှု့လျက်ရှိရာဒီနေ့အောက်တိုဘာ၁၈ရက်နေ့ ညမှာတော့ ပဉ္စလက်ရွှာရုပ်သံဇာတ်လမ်းတွဲလေးရဲ့ ဇာတ်သိမ်းပိုင်းလေးကိုထုတ်လွင့်ပြသပြီးနှုတ်ဆက်ရတော့မှာပဲဖြစ်ပါတယ်။ပရိသတ်ချစ်တဲ့သရုပ်ဆောင်နန်းစန္ဒာလှထွန်းဟာပဉ္စလက်ရွှာဇာတ်လမ်းတွဲလေးထဲက ရေဝတီကိုချစ်ခင်အားပေးသလို ဇာတ်လမ်းလေးထုတ်လွင့်ပြသမှုပြီးသွားတဲ့အခါမှာလဲ နန်းကိုဆက်လက်အားပေးအုန်းမှာလားပရိသတ်ကြီးလို့မေးလိုက်ပါတယ်။ပရိသတ်ကြီးအတွက်နန်းဆက်လက်ကြိုးစားသွားမှာပါ ရေဝတီကိုချစ်သလို နန်းရဲ့နောက်ပိုင်းအနုပညာလှုပ်ရှားမှုတွေကိုလဲအများကြီးချစ်ခင်အားပေးကြပါအုန်းလို့လဲပြောပါတယ်။ 

သရုပ်ဆောင်နန်းစန္ဒာလှထွန်းဟာ ပဉ္စလက်ရွှာဇာတ်လမ်းတွဲလေးကို ပရိသတ်တွေနှစ်သက်အားပေးတဲ့အတွက်အများကြီးပျော်ရွှင်ဝမ်းမြောက်ရပါတယ်လို့ပြောပါတယ်။ပဉ္စလက်ရွှာဇာတ်လမ်းတွဲလေးရိုက်ကူးခဲ့တုန်းကလဲအမှတ်တရတွေလဲအများကြီးရှိခဲ့တယ်လို့ဆိုပါတယ်။မှတ်မှတ်ရရအမှတ်တရတစ်ခုအနေနဲ့ဇာတ်ကားလေးရိုက်ကူးနေချိန်မှာပဲ ရေဝတီမွေးနေ့နဲ့တိုက်ဆိုင်ခဲ့တာကြောင့် တစ်ရွှာလုံးကိုအဟာရဒါနကြာဇံကြော်အလှူလေးလုပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပရိသတ်တွေ ကြည့်ရှု့အားပေးနေတဲ့ရေဝတီရဲ့သနားစရာဇာတ်လမ်းလေးကပီပြင်တာကြောင့် တစ်ရွှာလုံးကသနားပြီးမွေးနေ့မှာမွေးနေ့လက်ဆောင်အဖြစ်ဒေသထွက် ပဲတွေအသီးအနှှံအများကြီးလက်ဆောင်ပေးကြတဲ့အတွက်ပျော်စရာကောင်းတဲ့အမှတ်တရလေးဖြစ်ခဲ့ပါတယ်လို့ဆိုပါတယ်။

လက်တစ်လောမှာတော့သရုပ်ဆောင်နန်းစန္ဒာလှထွန်းဟာ ကြော်ငြာဓာတ်ပုံလေးတွေရိုက်ဖြစ်နေပြီး နောက်ထပ်လဲသူမ ဝါသနာပါတဲ့အနုပညာလုပ်ငန်းတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီးပရိသတ်ကြီးအတွက်အကောင်းဆုံးကြိုးစားသွားမှာပါလို့သိရပါတယ်။ပရိသတ်ချစ်ခင်အားပေးတဲ့ရေဝတီရဲ့ပဉ္စလက်ရွှာ ရိုက်ကွင်းပေါ်ကအမှတ်တရဓာတ်ပုံလေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ ဒီနေ့ည MRTV-4 Channel မှာထုတ်လွင့်ပြသမယ့်ပဉ္စလက်ရွှာဇာတ်သိမ်းပိုင်းလေးကိုလဲစောင့်မျော်ကြည့်ရှု့ဖို့မမေ့ကြနဲ့နော်။ 

သတင်းအရင်းအမြစ် - နန်းစန္ဒာလှထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။