တရုတ်နိုင်ငံက အသက် (၁၇)အရွယ်မိန်းကလေးက အိုင်းဖုန်း (၈)လုံးအတွက် အပျိုစင်ဘဝကို အွန်လိုင်းမှာတင်ပြီး ရောင်းခဲ့ပါတယ်။ဘလော့ဂါတစ်ဦးဖြစ်တဲ့ နန်နာက ဒါကိုအွန်လိုင်းမှာတွေပြီး ပညာပေးဖို့အတွက်စီစဉ်ခဲ့တာဖြစ်ပါတယ်။

အိုင်ဖုန်း ၈ လိုချင်တဲ့အတွက် သူ့ရဲ့ အပျိုစင်ဘဝကို ပေးမယ်လို့ ကြေညာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦးဟာ အကြံအစည် မအောင်မြင်ခဲ့ဘဲ ပညာပေးခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ရှောင်ချန်အမည်ရတဲ့ မိန်းကလေးဟာ အွန်လိုင်း ဖိုရမ်တခုပေါ်ကနေ အိုင်ဖုန်း ၈ အတွက် အပျိုစင်ဘဝကို ပေါင် ၂၃၀၀ နဲ့ လဲမယ်လို့ ကြေညာထားခဲ့တာပါ။

ဘလော့ဂ်ဂါတဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် နန်နာဆိုတဲ့ အမျိုးသမီးတဦးက ဒါကို တွေ့သွားပြီးနောက်မှာ မိန်းကလေးကို နောက်ပြောင်ပညာပေးဖို့ စနစ်တကျ စီစဉ်ခဲ့တာပါ။

သူဟာ ရှောင်ချန်ကို ကော်ဖီဆိုင်တဆိုင်မှာ ချိန်းဆိုခဲ့ပြီး ကနဦး တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာလို့ ခုလိုလုပ်ချင်ရတာလဲဆိုတဲ့ မေးခွန်းကိုတော့ ရှောင်ချန်က “ကျမသူငယ်ချင်းတွေက အိုင်ဖုန်း ၈ ကိုင်နေကြပြီလေ။ ကျမက မဝယ်နိုင်ပါဘူး။ ကျမကြားခဲ့တာက ကျောင်းက တခြား မိန်းကလေးတယောက်က သူ့ရဲ့ အပျိုစင်ဘဝကို ရောင်းခဲ့တယ်။ ကျမလည်း ဒါကြောင့်မို့ ခုလိုလုပ်ဖို့ အကြံရခဲ့တာ” လို့ ဖြေခဲ့တာပါ။

ဒီနောက် နန်နာက ရှောင်ချန်ကို သူ့ရဲ့ သူငယ်ချင်းတယောက်က အတူအိပ်လိုကြောင်းပြောပြီး ပေါင် ၆၀ ကြိုတင်ပေးခဲ့တာပါ။

ဟိုတယ်အခန်းတွင်း ရောက်ချိန်မှာတော့ ရှောင်ချန်ဆီ အမျိုးသားအဖော်တဦးမကဘဲ ၃ ဦး ရောက်လာခဲ့ချိန်မှာတော့ အိပ်ယာပေါ်မှာ ရုန်းရင်းဆန်ခတ် အခြေအနေနဲ့ ထိတ်လန့်တကြား ဖြစ်ခဲ့ရပါတယ်။

ကင်မရာကိုင်ထားတဲ့ အမျိုးသား အပါအဝင် အမျိုးသားတွေနဲ့ အခန်းတွင်း ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ နန်နာ ရောက်လာခဲ့ပြီး ရပ်လိုက်ဖို့ အော်ဟစ်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

နန်နာက အိပ်ယာပေါ်မှာ ထိုင်ငိုနေတဲ့ ရှောင်ချန်ကို “အခု မင်းကြောက်နေပြီမလား” လို့ အော်ဟစ်မေးခဲ့ပြီး “ခုတော့ အရမ်းနောက်ကျသွားပြီ။ ဖုန်းတလုံးအတွက်နဲ့ ခုလိုရောင်းချဖို့ မထိုက်တန်ဘူး ဆိုတာကိုပေါ့” လို့ ဆက်ပြောခဲ့တာပါ။

အဲဒီနောက်တော့ အခန်းတွင်းက အမျိုးသားတွေကို အပြင်ထွက်သွားဖို့ ပြောခဲ့ပြီး ရှောင်ချန်ကို ပညာပေး ဆုံးမခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

နန်နာဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်က လူသားတွေရဲ့ ဆိုးရွားတဲ့ အပြုအမူဆိုင်ရာ အခြေအနေတွေကို ချဉ်းကပ်ပညာပေးချင်လို့ ခုလိုဇာတ်လမ်းဆင်ခဲ့တာ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။