ပိုင်တံခွန်ဆိုတာ နှုတ်ခမ်းနီမလေးတွေရဲ့အသဲကျော်မော်ဒယ်ဖြစ်သလို Mဆိုင်းလု ဆိုတာ ကလဲ ကိုကိုပုရိသတို့ရဲ့အချစ်တော်မော်ဒယ်မလေးပါပဲ။ သူတို့နှစ်ဦးကိုတော့ AYA Bank Billboard အတွက် ဒီနေ့ရိုက်ကွင်းပေါ်မှာ အတူတွဲတွေ့ရတာပဲဖြစ်ပါတယ်။ တကယ်ကို လိုက်လိုက်ဖက်ဖက် Pose တွေပေးသွားတာပဲဖြစ်ပါတယ်။ Photo Shooting ဖြစ်တာကြောင့် နှစ်ယောက်လုံးက အလန်းစား Pose တွေနဲ့ အရမ်းကိုမိုက်နေကြပါတယ်။

လက်ရှိမှာနှစ်ဦးစလုံးက အောင်မြင်မှုကိုယ်စီနဲ့ အသီးသီးရပ်တည်နေကြတဲ့ နာမည်ကြီး မော်ဒယ်တွေပဲဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ပြီး ပရိတ်သတ်အခိုင်အမာရထားသူတွေလဲဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်ယောက်လုံးက ကြော်ငြာလေးတွေဆက်တိုက်ရိုက်ဖြစ်နေတာကိုလဲတွေ့ရပါတယ်။

လိုက်ဖက်လှတဲ့ မော်ဒယ်ပိုင်တံခွန်နဲ့ Mဆိုင်းလု တို့ရဲ့ AYA Bank Commercial Shooting က အလှပုံလေးတွေက တကယ်ကိုအသက်ဝင်လှပါတယ်။ မော်ဒယ်ပိုင်တံခွန်ရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့ သူရဲ့ပုံရိပ်လေးတွေနဲ့ Mဆိုင်းလု နဲ့တွဲဖက်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။