မခိုင်လေးလို့ချစ်ခင်သူတွေခေါ်တတ်တဲ့ ခိုင်သင်းကြည်ကတော့ ဆယ်စုနှစ်အကျော်ထိ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ မင်းသမီးပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်သမီးလေး မေထိပ်ထားစံကို ရုပ်ရှင်ရိုက်ဖို့အတွက် ကမ်းလှမ်းချက်တွေရှိပေမယ့် ထိပ်ထိပ်ကလေး အနေနဲ့ မလုပ်တတ်သေးတာရယ် မလုပ်နိုင်လောက်သေးတာရယ်ကြောင့် သူမက ငြင်းပယ် ခဲ့ပါတယ်။

သူမရဲ့သမီးဖြစ်သူဟာ ကလေးပီပီ ဓာတ်ပုံလှလှလေးတွေရိုက်ချင်တာအပြင် အနုပညာကို အရူးအမူးစွဲလမ်းမှုမရှိဘူးလို့သူမကဆိုပါတယ်။ မခိုင်လေးငယ်စဉ်ဘဝက ရုပ်ရှင်တစ်ကား ကြည့်ပြီးရင် ဇာတ်ကားထဲကအတိုင်း လိုက်သရုပ်ဆောင်ရလောက်အောင်ထိ အနုပညာကို ရူးသွပ်ပေမယ့် သမီးဖြစ်သူကတော့ ထိုမျှအတိုင်းအတာထိ မဟုတ်သေးဘူးလို့ဆိုပါတယ်။

အောင်မြင်မှုကိုကြာရှည်စွာထိန်းထားနိုင်တာက သူမကိုချစ်တဲ့ပရိတ်သတ်တွေကြောင့်ပါ လို့ဆိုပါတယ်။ မိန်းကလေးတိုင်းကတော့ နာမည်ပျက်မရှိအောင်မြင်ပြီး ပရိတ်သတ် ချစ်ခင်မှုရချင်ပေမယ့် ဘဝအကျိုးပေးကံကြောင့် အခြေအနေတွေပြောင်းလဲသွားတာတွေ ရှိတတ်ပါတယ်လို့ မခိုင်လေးက Interview တစ်ခုမှဖြေထားပါတယ်။ နာမည်ပျက်မရှိပဲ ပရိတ်သတ်ချစ်ခြင်းကိုကြာရှည်စွာရထားလို့ သူမဂုဏ်ယူပါတယ်လို့လဲ ပြောထားပါ သေးတယ်။ သူမကိုယ်ချစ်သလို သူမရဲ့သမီးလေး ထိပ်ထိပ် (ခ) မေထိပ်ထားစံကိုလဲ ထပ်တူ ချစ်ပေးပါလို့ ပရိတ်သတ်ကိုတောင်းဆိုထားပါသေးတယ်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။