မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဘင်ဖီကာအသင်းကို မန်ယူအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ အုပ်စုပွဲ ၃ ပွဲကစားထားပြီး ၃ ပွဲလုံးအနိုင်ရရှိထားကာ ရမှတ် ၉မှတ်နဲ့ ဇယားထိပ်ဆုံးမှာဦးဆောင်နေတာလည်းဖြစ်ပါတယ်။ဘင်ဖီကာအသင်းကတော့ သုံးပွဲကစားထားပြီး သုံးပွဲလုံးရှုံးနိမ့်ထားခဲ့တာကြောင့် နောက်တဆင့်တတ်ဖို့အတွက် ရုန်းကန်ရတော့မယ့် အခြေအနေမှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

ဘင်ဖီကာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆယ်ဗီယို၊ ဂျီမီနက်၊ ဂွန်ကယ်ဗက်၊ အောဂတ်စတို ၊ပီဇစ်၊ ဖက်ဆာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ အမ်ခီတာယန်၊ မာတစ်၊ ရက်ဖို့စ် ၊ ဟာရဲဟား၊ မာတာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဘင်ဖီကာအသင်းဘက်ကို ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးချိန်မှာတော့ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၆၄ မိနစ်မှာတော ရက်ဖို့စ်က ပြစ်ဒဏ်ဘောကနေတဆင့် ဂိုးသမားရှေ့တတ်နေတာကိုအခွင့်ကောင်းယူပြီး တိုက်ရိုက်ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။