မိုးယုစံတို့ ဇနီးမောင်နှံဟာ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အလှူအဖြစ် ဘုန်းကြီးဆွမ်းကပ်အလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။ အောက်တိုဘာ(၁၈)ရက်နေ့မှာ ကိုစွမ်းသူမိုးနှင့် မိုးယုစံတို့ ဇနီးမောင်နှံဟာ မင်္ဂလာသက်တမ်း(၁)နှစ်ပြည့် သွားပြီ ဖြစ်တယ်လို့ သိရပါတယ်..။ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မနက်ပိုင်းမှာ နေအိမ်တွင် ဘုန်းကြီးဆွမ်းကပ်အလှူပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။ ညပိုင်းမှာတော့ ဇနီးမောင်နှံနှစ်ဦး Sedona Hotel မှာ ညစာစားခဲ့ကြတယ်လို့ သိရပါတယ်..။

သူတို့နှစ်ယောက်ရဲ့ နှစ်ပတ်လည် ကြည်နူးစရာ ပုံရိပ်များကို ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်..။ မိုးယုက သူမ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ “Happy 1year Anniversary မနက်ပိုင်း ဘုန်းကြီးဆွမ်းကပ် ည ချစ်ယောကျာ်းနဲ့ night out နောက်နှစ်များစွာတိုင် မိန်းမကို အမြဲ ချစ်နိုင်ပီး စိတ်ချမ်းသာအောင်ပိုပိုထားနိုင်ပါစေ(Thanks to Sedona hotel)..” ဟု မင်္ဂလာနှစ်ပတ်လည် ဓာတ်ပုံများနှင့်အတူ ရေးသားထားတာ တွေ့ရပါတယ်..။ မိုးယုတို့ ဇနီးမောင်နှံဟာ သူမတို့ရဲ့ ပျော်ရွှင်ကြည်နူးစရာပုံရိပ်များကို ပရိသတ်ကြီးများကို မျှဝေလိုက်တာ ဖြစ်ပါတယ်..။

မိုးယုတို့ပြီးခဲ့တဲ့ အောက်တိုဘာ(၁၉)ရက်နေ့ (၂၀၁၆)ခုနှစ်မှာ ထိမ်းမြားလက်ထက်ခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ မင်္ဂလာသက်တမ်း (၁၀)လအကြာမှာတော့ သားဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ သားဦးလေး Austin လေးကိုတော့ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ သြဂုတ်လ(၂၁)ရက်နေ့မှာ Grand Hantha ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ မိုးယုဟာ သရုပ်ဆောင်အနုပညာမှာပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။ လတ်တလောမှာတော့ ရင်သွေးလေး ရရှိပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေကိုတော့ သိပ်မတွေ့ရသေးပါဘူး..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။