ဂမ်ဘာအိုဆာကာကိုထပ်ရှုံးတဲ့မြန်မာ

ဂျပန်မှာခြေစမ်းပွဲတွေကစားနေတဲ့မြန်မာယူ-19ဟာ

ဒုတိယမြောက်ခြေစမ်းပွဲအဖြစ်ဂမ်ဘာအိုဆာကာလူငယ်

အသင်းနဲ့ထပ်မံခြေစမ်းခဲ့ပါတယ်။ဂိုးသွင်းခွင့်

များစွာရရှိခဲပေမယ့်လည်းနှစ်ဂိုးဂိုးမရှိနဲ့ရှံုးနိမ့်ခဲ့တယ်လို့

သိရပါတယ်။မြန်မာအသင်းဟာဟန်နာကတက္ကသိုလ်

အသင်းနဲ့ပထမခြေစမ်းပွဲကစားရာမှာငါးဂိုးဂိုးမရှိနဲ့ရှံုးနိမ့်

ထားပါတယ်။ဒါကြောင့်ဒီပွဲဟာမြန်မာအသင်းအတွက်ဒုတိယ

မြောက်ရှုံးပွဲဖြစ်ခဲ့ပါတယ်။

ဟန်နာတက္ကသိုလ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှ

ကစားသမားရှစ်ဦးကိုမြန်မာတို့ပြန်လည်အသုံးပြုခဲ့ပြီး

အဓိကတိုက်စစ်မှူးဝင်းနိုင်ထွန်းကိုပွဲစကတည်းက

အသုံးပြုခဲ့ပါတယ်။ပထမပွဲကထက်ပိုပြီးအချိတ်အဆက်မိလာတဲ့မြန်မာ

အသင်းဟာဂမ်ဘာအိုဆာကာကိုပထမပိုင်း

မှာသူတင်ကိုယ်တင်ကစားနိုင်ပြီးဂိုးမရှိသရေကျခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့အမာခံကစားသမားတွေကိုထုတ်ပြီး

လူစားလဲမှုတွေပြုလုပ်ခဲ့တဲ့အတွက်ကစားကွက်အနည်း

ငယ်ပျက်ကာနှစ်ဂိုးပေးခဲ့ရပါတယ်။ပထမပွဲကထက်ပိုကောင်း

လာတယ်လို့ပဲဆိုရမှာပေါ့။

မြန်မာနည်းပြဦးချစ်နိုင်က"ပထမပိုင်းမှာဂိုးမရှိသရေကစား

နိုင်ပြီးဂိုးသွင်းခွင့်များစွာရရှိခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့

လူစားလဲကစားကွက်စမ်းသပ်ခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့ခြေစွမ်ကို

ပထမပွဲထက်တော့ကျေနပ်ပါတယ်"လို့ပြောပါတယ်။မြန်မာအသင်းဟာ

ဒီပွဲအပြီးနောက်ဆုံးခြေစမ်းပွဲအဖြစ်ပထမပွဲမှာရှုံးခဲ့တဲ့ဟန်နာအသင်းနဲ့20ရက်နေ့မှာထပ်ကစားမှာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။