ရန်ကုန်ကVery Easyပါဆိုတဲ့ရီနီ

ဒီညနေကစားမယ့်ပွဲမှာရန်ကုန်အသင်းကိုအခံရခက်စေ

ခဲ့တဲ့စကားတစ်ခွန်းကိုရတနာပုံနည်းပြချုပ်မစ္စတာ

ရီနီကပြောကြားခဲ့ပါတယ်။ခပ်ကြွားကြွားလေးပေါ့။ရန်ကုန်အသင်းကိုအနိုင်ယူ

ဖို့ကVery Easyပါပဲတဲ့။သူအနေနဲ့ရန်ကုန်ကို

ဘယ်လိုအနိုင်ယူမယ်ဆိုတာလည်းအခုလိုပြောပြပါတယ်။

ရတနာပုံဟာမိနစ်ကိုးဆယ်အတွင်းရန်ကုန်ကိုတစ်ဂိုးသွင်းမယ်။

ပြီးတော့အချိန်ပိုမှာရန်ကုန်ကိုအနိုင်ယူမယ်။

ရတနာပုံနောက်တန်းကသိန်းသန်းဝင်းနဲ့ပြည့်စုံချစ်ဒဏ်ရာရနေပြီးသူတို့ကတော့ဒီနေ့ညနေပွဲမှာပါဝင်ဖို့မသေချာဘူးလို့

ရီနီကပြောပြပါတယ်။ရီနီအနေနဲ့ရန်ကုန်ကိုအနိုင်ယူဖို့

ယုံကြညိမှုအပြည့်ရှိနေပုံရပါတယ်။

ရန်ကုန်နည်းပြချုပ်ဦးတင်မောင်ထွန်းကလည်းရတနာပုံကိုရင်ဆိုင်ဖို့ရယ်ဒီပါပဲတဲ့။

ပြီးခဲ့တဲ့ပထမအကျော့မှာတော့ရတနာပုံအသင်းကရန်ကုန်ကို

တစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ထားတာပါ။

ရတနာပုံအသင်းရဲ့တိုက်စစ်မှူးအောင်သူကလည်း

ရတနာပုံအတွကိရှုံးထွက်ဖလားတစ်လုံးပဲရှိတော့တာမို့

ရန်ကုန်ကအနိုင်ကစားဖို့ကလွှဲပြီးအခြားမရှိဘူးလို့

ဆိုပါတယ်။ပထမအကျော့မှာလူမစုံခဲ့တဲ့အတွက်

ရှံုးနိမ့်ခဲ့ရပြီးအခုဒုတိယအကျော့မှာတော့ရန်ပိုင််၊လှိုင်းဘိုဘို

ပြန်ပါလာတာကြောင့်အကောင်းဆုံးပုံစံရနေပြီလို့ဆိုပါတယ်။

ရန်ကုန်တိုက်စစ်မှူးကျော်ကိုကိုကတော့ရတနာပုံနဲ့ရန်ကုန်

အခွင့်အရေးဆတူပါပဲတဲ့။

ညနေငါးနာရီပွဲကတော့စိတ်လှုပ်ရှားစရာကြီးပါ။မစ္စတာ

ရီနီပြောသလိုရန်ကုန်ကVery easy လားဒါမှမဟုတ်Very Hardလား

ဆိုတာကိုတော့စောင့်ကြည့်သွားရမှာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။