ယနေ့ အောက်တိုဘာ(၁၉)ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသမီးချောလေး ဖြစ်တဲ့ Kim Ji-Won ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။ ဒီနေ့ဟာ မင်းသမီးချောလေး Kim Ji-Won ရဲ့ (၂၅)နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်ပါတယ်..။ မွေးနေ့ရှင် Kim Ji-Won ကို (၁၉၉၂)ခုနှစ် အောက်တိုဘာ(၁၉)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ မင်းသမီးချောလေး Kim Ji-Won ဟာ အနုပညာလောကထဲကို (၂၀၀၈)ခုနှစ်ကနေ ကြော်ငြာများမှာ မော်ဒယ်သရုပ်ဆောင်အဖြစ် စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

“Mrs.Saigon ဇာတ်လမ်းတွဲဟာ သူမရဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်..။ ၂၀၁၃ ခုနှစ်မှာ ပြသခဲ့တဲ့ “The Heirs” ရုပ်သံဇာတ်လမ်းတွဲကတော့ သူမကို လူသိများ ထင်ရှားလာစေပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်..။ “The Heirs” ဇာတ်လမ်းတွဲဟာ သူမရဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး SBS ရဲ့ မျက်နှာသစ် သရုပ်ဆောင်ဆုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်..။ အဲ့ဒီ “The Heirs” ဇာတ်လမ်းတွဲဟာ Park Shin-hye နဲ့ Lee Min-ho တို့က အဓိက ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Kim Woo-bin နှင့် သူမတို့ က ဇာတ်ပို့ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်.

သူမကို ထပ်မံလူသိများ ထင်ရှားလာစေတဲ့ ဇာတ်လမ်းတွဲကတော့ ပရိသတ်အားပေးကြည့်ရှုသူ မြင့်မားခဲ့တဲ့ “Descendants of the Sun” ဇာတ်လမ်းတွဲဖြစ်ပါတယ်..။ အဲ့ဒီဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးဖြစ်တဲ့ Song Hye-kyo နဲ့ မင်းသား Song Joong-ki တို့က အဓီက ပါဝင်သရုပ်ဆောင်ပြီး သူမကတော့ စစ်တပ်ခွဲစိတ်ဆရာဝန် အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။ အဲ့ဒီနောက်ပိုင်းမှာတော့ အောင်မြင်လာပြီး ပရိသတ် အားပေးမှု အခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ်..။ နောက်ပိုင်းမှာ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်လာခဲ့ပြီး အဓိက ဇာတ်ဆောင် မင်းသမီးအဖြစ်အထိပါ ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်…။ မင်းသမီးချော Kim Ji-Won ဟာ လာမယ့် (၂၀၁၈)ခုနှစ်မှာ ထုတ်လွှင့်ပြသသွားမယ့် ဇာတ်ကားသစ်မှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရတယ်လို့ သိရှိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။