မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့ ရိုးမားအသင်းတို့ဟာ တစ်ဖက် ၃ ဂိုးစီနဲ့ အပြန်အလှန်ဂိုးတွေသွင်းယူခဲ့ပြီး တစ်မှတ်စီခွဲယူခဲ့ကြပါတယ်။ချဲလ်ဆီးအသင်းဟာ အုပ်စုပွဲ ၃ ပွဲကစားထားပြီးချိန်မှာတော့ ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၇ မှတ် နဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ အုပ်စု ၃ ပွဲကစားထားပြီးချိန်မှာ ၁ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၅ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟာဇတ်၊ မိုရာတာ၊ ဘာကာယိုကို၊ အလွန်ဆို၊ ဇာပါကော်စတာ ၊ ဖာဘရီဂတ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပီရော့တီ၊ ဂါဆန်၊ ဒီဇီကို၊ စထရူးမန်း၊ နိုင်ဂိုလန် ၊ ဂွန်နာလွန် တို့ကို ထည့်သွင်းကစားစေခဲ့တာလည်းဖြစ်ပါတယ်။ခြေရည်တူနှစ်သင်း တွေ့ဆုံခဲ့တာဖြစ်ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုတွေကြောင့် ပွဲဟာ မြိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ၁၁ မိနစ်မှာ အဝေးကန်ချက်နဲ့ ဒေးဗစ်လုဒ် က ချဲလ်ဆီးအတွက် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၃၇ မိနစ်မှာတော့ ဟာဇတ်က ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။မိနစ် ၄၀ မှာတော့ ကိုလာရော့ က ရိုးမားအသင်းအတွက် ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းပြီးဆုံးချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ ၂ ဂိုး ၁ ဂိုး နဲ့ ဦးဆောင်နေခဲ့ပါတယ်။ဒုတိယပိုင်း ၆၄ မိနစ်မှာတော့ ဒီဇီကို က ရိုးမားအသင်းအတွက် ဒုတိယမြောက် ချေပဂိုးကိုသွင်းယူပေးခဲ့ပါတယ်။မိနစ် ၇၀ မှာ ဒီဇီကိုက ပဲ ရိုးမားအသင်းအတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။၅ မိနစ်အကြာမှာပဲ ဟာဇတ်က ချဲလ်ဆီးအတွက် ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ တစ်ဖက် ၃ ဂိုးစီနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။