ပင်လယ်စာနဲ့ မတည့်တဲ့သူတော်တော်များများကတော့ အလက်ဂျက်အဖြစ်များပြီး အတော်လေးခံရခက်တဲ့ဝေဒနာပါ။ အစားမတော် တစ်လုပ် ဆိုသလိုပဲ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အသားငါးတစ်ခုခုကို စားလိုက်မိတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အရေပြားယားယံမှုတွေဖြစ်လာပြီး အလုပ်ပျက်အကိုင်ပျက်တဲ့အထိအောင် ဆိုးရွားလာတတ်ပါတယ်။ နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်သလို ဘာကြောင့်ဖြစ်ရလဲဆိုတာလည်း သိထားရင်ကောင်းပါတယ်။

ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံစွမ်းအားစနစ်ဟာ အစားအစာတွေထဲမှာပါတဲ့ ပရိုတင်းဓာတ်တစ်မျိုးမျိုးကို အလွန်အကျွံတုံ့ပြန်ရင် အစားအသောက်နဲ့ဓာတ်မတည့်ခြင်း ဖြစ်စေပါတယ်။

>> အစားအသောက်နဲ့ဓာတ်မတည့်ရင် ဘာဖြစ်မလဲ သိထားဖို့လိုပါတယ်

- အင်ပြင်ထခြင်း၊ အရေပြားတွင် အကွက်များပေါ်လာခြင်း

- ပျို့ခြင်း၊ အန်ခြင်း၊ အစာမကြေခြင်း၊ ဗိုက်နာခြင်း၊ ၀မ်းလျောခြင်း

- နှာရည်များကျခြင်း

- နှာချေခြင်း

- ခေါင်းကိုက်ခြင်း

- ရင်ကျပ်ခြင်း

- လေပြွန်များကျဉ်းမြောင်းပြီး အသက်ရှူရခက်ခဲခြင်း၊ သွေးပေါင်ချိန် အလွန်အမင်းထိုးကျခြင်း၊ မူးဝေခြင်းမှစပြီး သတိလစ်မေ့မျောကာ အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဖြစ်ခြင်း

>> အောက်ပါ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ ဓာတ်မတည့်မှုအများစုကို ဖြစ်စေနိုင်ပါတယ်။

1. နွားနို့

2. ဥအမျိုးမျိုး

3. ငါး၊ ပုဇွန်

4. သစ်စေ့အမျိုးမျိုး

5. မြေပဲ

6. ပဲပိစပ်

7. ဂျုံ

ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အမြဲစောင့်မျှော်အားပေးကြပါဦး

Source :Dr. Thinzar Wynn 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။