၁၈.၁၀.၂၀၁၇ မှ ၂၄.၁၀.၂၀၁၇ ရက်နေ့အထိ ဆရာစံ-ဇာဏီဘို၏ ဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။ 

တနင်္ဂနွေနေ့ မွေးသူများ

အောင်မြင်ခြင်း၊ တိုးတက်ခြင်းနှင့် ကောင်းခြင်း အဖြာဖြာ ခံစားရမယ်။ အလိုဆန္ဒ ရည်ရွယ်ချက်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး ပြည့်ဝမယ်။ ငွေးရေးကြေးရေး ကံကောင်းမယ်။ လုပ်ငန်းမရှိသူ လုပ်ငန်းရပြီး လုပ်ငန်းရှိသူ အောင်မြင်၊ တိုးတက်မယ်။ ငယ်ရွယ်သူတွေအဖို့ အချစ်ရေး ကံကောင်းမယ်။ အသေးစားထိခိုက်မှုမျိုး ရှိနိုင်လို့ သတိထားရမယ်။ နာမည်ထဲမှာ သ၊ ဟ ပါတဲ့ သူတွေကြောင့် စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်တတ်တယ်။

ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါနေ့ မွေးသူများနှင့် အလုပ်တွဲလုပ်ပါ။ တိုးတက် အောင်မြင်မှုများ ရရှိပါလိမ့်မယ်။ ၃၊ ရ၊ ၉ ဂဏန်း အကျိုးပေးတယ်။ အပြာ၊ အနီ၊ ကြက်သွေးရောင်များ ၀တ်ဆင်ပြီး အလိုရှိရာ ကိစ္စရပ်များ ဆောင်ရွက်ပါ။

ယတြာ ။ ။ အုန်းရွက်တစ်ရွက်မှာ ထုံးတို့ပြီး အမြင့်တစ်နေရာမှာ ထားရှိလိုက်ပါ။ 

တနင်္လာနေ မွေးသူများ

တစ်ခုထက်မကတဲ့ အလုပ်တွေကို လုပ်ကိုင်ပြီး ဘဝရဲ့ အောင်မြင်ခြင်းတွေကို ရရှိမယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ ကာလဖြစ်တယ်။ သူများနဲ့ ယှဉ်ရင် နှာတစ်ဖျားသာနေမယ်။ အလုပ်မှာလည်း နာမည်ကောင်းရမယ်။ ကံကောင်းတာမျိုးတွေ ဖြစ်မယ်။ အနီးကပ်လူယုံ ဒုက္ခပေးနို်ငတယ်။ တနင်္လာ၊ သောကြာ၊ စနေ နေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရနို်င်ပြီး တနင်္ဂနွေနေ့ မွေးသူများကြောင့် စိတ် အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ၄၊၇၊၉ ဂဏန်တွေကတော့ အကျိုးပေးဂဏန်းများဖြစ်ပြီး အညို၊ အပြာ၊ မီးခိုရောင် တို့ကို ၀တ်ဆင်ပြီး အလိုရှိရာ ဆောင်ရွက်ပါ။

ယတြာ ။ ။ စံပယ်ပန်းပွင့် ၁၅ ပွင့်ကို ပန်းကန်ပြားထဲထည့်ပြီး အနီးနားမှာ ထားရှိပါ။ 

အင်္ဂါနေ့ မွေးသူများ

ထူးခြားတဲ့ အပြောင်းအလဲ နဲ့ တိုးတက်မှုတွေ ရှိလာမယ်။ ကံမြင့်မားခြင်းနှင့် ဘဝ တက်လမ်းတွေ ဖြစ်မယ်။ ဦးတည်တဲ့ နေရာတိုင်းမှာ အတိုက်အခံမျိုးဖြစ်မယ်။

ငွေရေးကြေးရေး၊ လုပ်ငန်းကိစ္စတွေမှာ ရသင့်တဲ့အခွင့်အရေးတွေ ပြန်ရမယ်။ ရပ်ဝေးနဲ့ ဆက်သွယ်ပြီး လုပ်တဲ့အလုပ် အကျိုးပေးမယ်။ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်မယ်။ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ် ပြည်ပခရီး ပေါ်ပေါက်အကျိုးပေးခြင်း ကြုံမယ်။ စိတ်ပင်ပန်းတာမျိုးတော့ ရှိနိုင်တယ်။ တနင်္ဂနွေ၊ သောကြာ၊ စနေနေ့ မွေးသူများနဲ့ အလုပ်တွဲလုပ်ရင် အောင်မြင်နိုင်တယ်။ အထောက်အကူ ရနိုင်တယ်။ တနင်္လာ၊ ကြာသာပတေးနေ့ မွေးသူများကြောင့် စိတ်အနှောက်အယှက်ဖြစ်မယ်။ ၂၊ ရ၊ ၉ ဂဏန်း အကျိုးပေးတယ်။

အဖြူ၊ အစိမ်း၊ မီးခိုးရောင် တို့ကို ၀တ်ဆင်ပြီး လိုရာကိစ္စ ဆောင်ရွက်ပါ။

ယတြာ ။ ။ အိမ်မှာရှိတဲ့ ခြေသုတ်ပဝါအဟောင်း ရှာဖွေစွန့်ပစ်လိုက်ပါ။ 

ဗုဒ္ဓဟူးနေ့ မွေးသူများ

ပြောရေးဆိုရေး အောင်မြင်ပြီး ကံမြင့်မားနေတယ်။ အခက်အခဲအားလုံးကို ကျော်လွှားနိုင်တဲ့ အနေအထားရှိတယ်။ ရပ်ဝေးနဲ့ ဆက်စပ်ပြီးတော့ လုပ်တဲ့ အလုပ်တွေ အကျိုးပေးမယ်။ ပစ္စည်းပျောက်တတ်တယ်။ မိသားစုထဲမှ ကျန်းမာရေး ညံ့မယ်။ လူမျိုးကွဲ အကျိုးပေးမှု ရှိတယ်။ ပြည်ပခရီးလမ်းကြောင်း ထင်ရှားစွာပေါ်မယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ၊ တိုးတက်မှုတွေ ကြံုမယ်။ ရန်များနိုင်တယ်။ တနင်္လာ၊ တနင်္ဂနွေ မွေးသူတွေကြောင့် စိတ်အနှောက်အယှက်များ ဖြစ်ပေါ်နိုင်ပြီး ကြာသာပတေး၊ ဗုဒ္ဓဟူး၊ စနေနေ့ မွေးသူတွေကတော့ ကိုယ့်ကို ကောင်းကျိုး ပေးတဲ့ အနေအထားဖြစ်ပါတယ်။ ရ၊၉၊ ၅ ဂဏန်းတွေ အကျိုးပေးတယ်။ အဖြူ၊ အစိမ်း၊ အပြာရောင်တို့ကို ကံကောင်းစေသော အရောင်အဖြစ် သုံးစွဲ ၀တ်ဆင်ပါ။

ယတြာ ။ ။ သစ်ရွက်စိမ်းတစ်ရွက်ကို ပိုက်ဆံ တစ်ထောင်တန် ကြားထဲမှာ ထည့်ပြီး အိတ်ထဲ ထည့်ဆောင်ခြင်းဖြင့် ကံကောင်းစေမယ်။  

ရာဟု (ဗုဒ္ဓဟူးမွန်းလွဲ)မွေးသူများ

မေတ္တာရေး ကံကောင်းမယ်။ စန်းပွင့်မယ်။ စိတ်အေးချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကံမြင့်မားခြင်းတွေ ဖြစ်ပေါ်မယ်။ လိုချင်တဲ့ ဆန္ဒတွေ ပြည့်မြောက်မယ်။ မိတ်ဆွေ အမျိုးသမီးအကြီးအကဲထံမှ အထောက်အကူရမယ်။ အလှူ၊ မင်္ဂလာကိစ္စတွေ ပါ၀င်ပတ်သက်ရလိမ့်မယ်။ ကျန်းမာရေး ညံ့မယ်။ ငွေကြေးနဲ့ အလုပ်အကိုင် ချောမွေ့နေမယ်။ လက်လွန်နေတဲ့ ငွေတွေ ပြန်လည်ရရှိနိုင်ကိန်းပေါ်တယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ မွေးသူများ ကိုယ့်ကို ကောင်းကျိုးပေးမယ်။ ကြာသပတေး၊ စနေ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ ၃၊၆၊၉ ဂဏန်းတွေ အကျိုးပေးတယ်။

အပြာ၊ အနီ၊ ပန်းရောင်တွေကို ကံကောင်းသော အရောင်အဖြစ် သုံးစွဲ ၀တ်ဆင်နိုင်တယ်။

ယတြာ ။ ။ ကလေးသူငယ်တွေကို ရှောက်ယို အလှူ ဒါန ပြုပေးပါ။ 

ကြာသပတေးနေ့ မွေးသူများ

ထူခြားတဲ့ ကံအပြောင်းအလဲ ရှိနေသော်လည်း ရန်အတိုက်အခံတွေ ရှိနေတတ်တယ်။ နားလည်မှု လွဲတာမျိုး၊ အထင်လွဲတာမျိုးလည်း ကြံုရတတ်တယ်။ သူတပါး ကိစ္စတွေကြောင့် အချိန်ကုန်၊ ငွေကုန်ဖြစ်မယ်။ ဘယ်လောက်ခက်ခက် အဆုံးပိုင်းတော့ အဆင်ပြေနိုင်တယ်။ စာရွက်စာတမ်း လက်မှတ်ထိုးတာ၊ ငွေကြေးကိစ္စ တာဝန်ယူတာ တွေကို အထူး သတိထားစေချင်တယ်။ အထင်မှားခြင်း၊ ပြသနာများခြင်း ကြံုနိုင်တယ်။ ပစ္စည်းပျောက်တတ်တယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ တနင်္လာနေ့ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ အင်္ဂါနေ့ မွေးသူတွေကြောင့် ပြသနာ အမျိုးမျိုး ကြံုနိုင်တယ်။ ၅၊၇၊၉ ဂဏန်းများ အကျိုးပေး ကံကောင်းမယ်။ အစိမ်း၊ အဖြူ၊ မီးခိုးရောင်ဝတ်ဆင်ပြီး အလိုရှိရာ လုပ်ကိုင်လျှင် အောင်မြင်မယ်။

ယတြာ ။ ။ ပန်းအဖြူတစ်ပွင့်ကို အမြင့်တစ်နေရာတင်ပြီး အလိုရှိရာ ကြံစည်ရာတွေးတောပါ။ မကြာခဏ ပြုလုပ်ပေးနိုင်ပါတယ်။

သောကြာနေ့ မွေးသူများ

ပြောရေးဆိုရေး အောင်မြင်မယ်။ ငွေဝင်မယ်။ ကြံစည် ရည်ရွယ်တာတွေ အောင်မြင်မယ်။ အလိုဆန္ဒတွေ ပြည့်ဝနေပြီး အောင်မြင်မှုများရမယ်။ လမ်းသစ်ထွင်ပြီး လုပ်ကိုင်တာ အကျိုးပေးတယ်။ ၈၊ ရ၊ ၉ ဂဏန်းများ အကျိုးပေးတယ်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့ မွေးသူများကြောင့် အောင်မြင်မှုများရမယ်။ သောကြာနေ့ မွေးသူများ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်တတ်တယ။ အပြာရင့်ရောင်၊ အနက်ရောင်၊ မီးခိုးရောင်များ ၀တ်ဆင်သုံးစွဲပြီး ကံကောင်းစေတယ်။

ယတြာ ။ ။ စက္ကူ၊ သတင်းစာ အဟောင်းတွေ ရှာဖွေ စွန့်ပစ်လိုက်ပါ။ 

စနေနေ့ မွေးသူများ

ထူးခြားတဲ့ ပြောင်းလဲမှု ကြံုမယ်။ ဦးတည်ချက်ပြောင်းလဲလို့ ကောင်းတယ်။ တစ်ခါမှ မလုပ်ဖူးသေးတဲ့ အလုပ်ကို ရဲရဲဝံ့ဝံ့ လုပ်သင့်တယ်။ ပတ်ဝန်းကျင်မှာ ကောင်းသော ပြောင်းလဲမှုများ၊ တိုးတက်မှုများ ဖြစ်ပေါ်မယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ ၁၊ ၅၊ ၉ ဂဏန်း အကျိုးပေးတယ်။ အဝါရောင်၊ လိမ္မော်ရောင်တွေကို အသုံးပြုပြီး အလိုရှိရာ ကိစ္စတွေကို ဆောင်ရွက်ပါက အောင်မြင်နိုင်တယ်။

ယတြာ ။ ။ အဝါရောင်ပန်း ဘုရားကပ်လှူပါ။

သတင်းအရင်းအမြစ် - ဆရာ စံ-ဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။