တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသားနဲ့ မင်းသမီးဖြစ်တဲ့ Song Jong Ki နဲ့ Song Hye Kyo တို့ရဲ့ မင်္ဂလာလက်ထပ်ဖိတ်စာ ထွက်ပေါ်လာခဲ့ပါတယ်..။ နာမည်ကျော်ဆယ်လီစုံတဲါဖြစ်တဲ့ song-Song စုံတွဲတို့ရဲ့ မင်္ဂလာရက်ဟာ ရက်ပိုင်းလောက်သာလိုတော့တာ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့နှစ်ဦးရဲ့ လက်ထပ်ဖိတ်စာဟာ လူမှုကွန်ယက်ကို ပြန့်နှံ့လာတာ ဖြစ်ပါတယ်..။ မင်္ဂလာဖိတ်စာကို တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ Chongqing Times သတင်းမီဒီယာက ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်..။

မင်္ဂလာဖိတ်စာကိုတော့ အရမ်းဆန်းဆန်းပြားပြားကြီးမလုပ်ထားဘဲ ရိုးရိုးရှင်းရှင်း ဒီဇိုင်းလေးပဲ ပြုလုပ်ထားပါတယ်..။ အဖြူရောင် အောက်ခံကာလာမှာ အစိမ်းရောင် သစ်ခက်လေးနဲ့ ငွေရောင်ဖဲကြိုးလေးကိုပဲ သုံးထားတာ ဖြစ်ပါတယ်..။ တကယ့် ရိုးရိုးရှင်းရှင်းလေးနဲ့ ဆန်းပြားနေတာပါပဲ..။ သူတို့ရဲ့ မင်္ဂလာဖိတ်စာလေးဟာ ရိုးရှင်းပြီး တစ်မျိုးလေး ဆန်းနေတာကြောင့် အနုပညာရှင်များနဲ့ ပရိသတ်တွေကတော့ အကြိုက်တွေ့နေပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။