TVမှာမကြည့်ဘဲကွင်းထဲအရောက်သွားကြမည့်ရတနာပုံပရိသတ်များ

မန္တလေးကပရိသတ်ကြီးကတော့ရတနာပုံနဲ့ရန်ကုန်ဆီမီး

ဖိုင်နယ်ပွဲကိုTVမှာမကြည့်ပါဘူးတဲ့။ကွင်းထဲအရောက်

သွားကြဖို့ပြင်ဆင်နေကြပါပြီ။မန္တလေးဆိုတာဘောလုံးအားကစားကိုအားပေးရာမှာ

အစဉ်အလာကြီးတဲ့အရပ်ဖြစ်ပါတယ်။မနေ့ကတည်းကရတနာပုံအသင်းအမာခံပရိသတ်တွေဟာ

မန္တလေးမြို့တွင်းလှည်းနေလှေအောင်းမြင်းဇောင်းမကျန်

လက်ကမ်းစာစောင်တွေဖြန့်ဝေပြီးကွင်းထဲကိုလာရောက်

ကြည့်ရှု ့ကြဖို့နှိုးဆော်ခဲ့ကြပါတယ်။

ရတနာပုံအမာခံပရိသတ်တွေဖြစ်တဲ့Fan Clubတွေကတော့

အားလုံးလာရောက်ကြမှာဖြစ်ပြီးတစ်ခြားပရိသတ်

တွေအနေနဲ့အုံးအုံးကျွတ်ကျွတ်လာအားပေး

ကြမယ်ဆိုတာယုံကြည်တယ်လို့ရတနာပုံFan Clubကပရိသတ်တစ်ဦးကပြောပါတယ်။မန္တလေး

သားတွေတော်တော်များများလည်းလက်မှတ်တွေ

ကြိုတင်ဝယ်ထားကြပြီလို့သူကပြောပါတယ်။ကစားသမား

တွေအနေနဲ့အကောင်းဆုံးကြိုးစားကစားကြမယ်ဆိုတာ

ယုံကြည်တယ်လို့သူကပြောပါတယ်။

ပရိသတ်အင်အားအခိုင်အမာနဲ့ရတနာပုံကိုရင်ဆိုင်

ရမယ့်ရန်ကုန်အတွက်တော့သေချာပေါက်Pressure

မိနေမှာပါ။ဒါပေမယ့်ရန်ကုန်ကနေအဝေးကွင်း

လာအားပေးတဲ့ပရိသတ်တွေရှိနေအုံးမှာပါ။မန္တလေး

ပရိသတ်တွေအနေနဲ့ယဉ်ယဉ်ကျေးကျေးစည်းစည်း

လုံးလုံးနဲ့အားပေးသွားကြမယ်ဆိုတာလည်းသေချာပါတယ်။

မန္တလာသီရိကွင်းထဲမသွားနိုင်တဲ့ပရိသတ်ကြီး

အတွက်လည်းမြဝတီရုပ်သံကလွှင့်ပေးနေမှာပါ။

Photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။