ကြိုးကြာ နဲ့ စင်ဒီ လို့ ကြားလိုက်တာနဲ့ ချစ်စရာကောင်းပြီး အသံကောင်းတဲ့ ညီအစ်မနှစ်ယောက်ကို ပြေး၊မြင်လိုက်မှာပါ။

အဆိုတော်စင်ဒီဟာ ညီမဖြစ်သူ ကြိုးကြာနဲ့ အတူ ငယ်ချစ်ဦးဆိုတဲ့ တေးစီးရီးမှာစတင်ပြီး သီချင်းလေးတွေပါ၀င်သီဆိုခဲ့တာဖြစ်ပါတယ်။

တစ်ချိန်က မိန်းကလေးအဆိုတော်အဖွဲ့လေးအဖြစ် သူမတို့ညီမနှစ်ယောက်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေများစွာရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း သူမတို့သီချင်းလေးတွေကို သတိရနေဆဲသူတွေရှိပါတယ်။

ဂီတလောကထဲ လှုပ်ရှားမှုနည်းသွားတာ ကာလအတန်ကြာပြီဖြစ်တဲ့ စင်ဒီ ဟာ ဟစ်ဟော့အဆိုတော်တစ်ဦးနဲ့ အိမ်ထောင်ရေးကွာရှင်းထားပြီး သမီးလေးနှစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဆယ်ကျော်သက်ဘဝထဲက သီချင်းတွေစဆိုခဲ့တဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးစင်ဒီတစ်ယောက် လက်ရှိမှာ Single Mom ဖြစ်နေပေမယ့်လည်း အရင်ကထက်တောင် နုပျိုလှပပြီး အပျိုလေးတွေရှုံးအောင် လှသွေးကြွယ်နေတုန်းပါပဲ။

အသံချိုချိုအေးအေးလေးတွေကြောင့် နာမည်ကြီးခဲ့တဲ့ စင်ဒီ တို့ညီအစ်မတွေဟာ အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပေမယ့် သူမတို့ရဲ့ တစ်နေ့တာ လှုပ်ရှားမှုအမှတ်တရပုံရိပ်အချို့ကိုတော့ သူတို့ရဲ့ ကိုယ်ပိုင်ဖေ့ဘုတ်အကောင့်တွေမှာ မျှဝေထားပါတယ်။

ကလေးနှစ်ယောက်မေမေလို့တောင် မထင်ရတဲ့ စင်ဒီ ကလည်း မကြာသေးမီရက်ပိုင်းက ချစ်သုဝေရဲ့ အမွှာသမီးလေးတွေနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို မျှဝေထားပါသေးတယ်။

သူ့ရဲ့ ဘယ်သီချင်းလေးတွေကို အကြိုက်ဆုံးလဲ... အားပေးဦးမှားလား ပရိသတ်ကြီး ။

Source :Chitthinzarthant 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။