စင်ကာပူနိုင်ငံမှာဘောလုံးသွားကန်တဲ့Actor Stars

Actor Starsဘောလုံးအသင်းဆိုတာအနုပညာရှင်သရုပ်ဆောင်မင်းသားတွေဖွဲ့စည်းထားတဲ့အပျော်တမ်းဘောလုံးအသင်းလေးပါ။

Actor Stars ဘောလုံးအသင်းလေးဟာမြန်မာနိုင်ငံတစ်ဝှမ်း

လုံးမှာရှိတဲ့အကူအညီလိုအပ်နေတဲ့နေရာတွေကိုသွားရောက်

ပြီးဘောလုံးသွားကန်ပေးတတ်ပါတယ်။ပရဟိတဘောလုံးပွဲလေးတွေပေါ့

၊ပရဟိတဘောလုံးပွဲတွေမှာရတဲ့ငွေကြေးတွေကိုတော့အကူအညီလိုအပ်နေတဲ့အဖွဲ့အစည်းတွေကိုပြန်လှူကြပါတယ်။မွန်မြတ်တဲ့စိတ်ထားတွေနဲ့အနုပညာရှင်တွေပေါ့။

မနေ့ကActor Starsဘောလုံးအသင်းဘောလုံးပွဲထပ်ကစား

ပါတယ်။ဒီတစ်ခါကစားတာကပြည်တွင်းမှာမဟုတ်ဘဲ

စင်ကာပူနိုင်ငံမှာပါ။စင်ကာပူနိုင်ငံမှာ

MNFလို့အတိုကောက်ခေါ်တဲ့မြန်မာ့တိုင်းရင်းသားပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကြီးကိုခြိမ့်ခြိမ့်သဲကျင်းပနေပါတယ်။Actor Starsဟာအဆိုပါဘောလုံးပြိုင်ပွဲ

ကြီးဖွင့်ပွဲအထိမ်းအမှတ်အဖြစ်ဒီပြိုင်ပွဲကြီးကိုဦးဆောင်ကျင်းပ

တဲ့သူတွေနဲ့ချစ်ကြည်ရေးခြေစမ်းပွဲကစားခဲ့တာပါ။စင်ကာပူ

ရောက်မြန်မာပရိသတ်ကြီးကတော့ဘောလုံးပွဲလည်းကြည့်ရ

သူတို့ချစ်တဲ့မင်းသားတွေကိုလည်းကြည့်ရနဲ့အရမ်းကိုကျေနပ်

နေခဲ့ပါတယ်။

Actor Starsအသင်းမှာပိုင်ဇေရဲထွန်း၊ဆန်းတိုးနိုင်၊မင်းသွေး၊

မိုးယံဇွန်စတဲ့မင်းသားတွေအပြင်အဆိုတော်တွေဖြစ်တဲ့ယုန်လေး၊အစ္စဏီ၊မြန်မာအိုင်ဒေါကရဲနောင်တို့လည်းပါဝင်ကစားခဲ့

ကြပါတယ်။ဒါ့အပြင်အားဖြည့်တဲ့အနေနဲ့စင်ကာပူကလပ်

ဘလက်စတီးယားခါဇန်မှာကစားနေတဲမြန်မာ့လက်ရွေးစင်ကစားသမားဟောင်းနန္ဒလင်းကျော်ချစ်တို့လဲပါဝင်ကစားခဲ့ပါတယ်။Actor Starsအသင်းဟာမင်းသားတွေဆိုပေမယ့်ဘျှော့တွက်လို့မရပါဘူး။ပွဲအပြီးမှာတစ်ဖက်အသင်းကိုခြောက်ဂိုးသုံးဂိုးနဲ့အနိုင်ယူ

သွားခဲ့ပါတယ်။ခြေစွမ်းအပြနိုင်ဆုံးကတော့တောင်ပံကစား

သမားပိုင်ဇေရဲထွန်းနဲ့တိုက်စစ်မှူးသူထူးစံပါ။

Source-Mr.info

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။