မိသားစုအတွက်သာဆို အရာရာကိုစွန့်လွှတ်နိုင်တဲ့သူတွေ အပုံအပင်မှာ။ တရုတ်မှ ဆယ်ကျော်သက်ကောင်မလေး Caoဟာ ကင်ဆာရောဂါသည်အမေကို ကုသဖို့အတွက် ငွေကြေးအလုံအလောက်မရှိတာကြောင့် သူမကိုယ်သူမ အင်တာနက်မှာ ရောင်းစျေးတင်ခဲ့ပါတယ်။

အသက်၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Caoရဲ့အမေဟာ အရေပြားကင်ဆာရောဂါကို ခံစားနေရတာပါ။ နောက်ဆုံး နည်းလမ်းရှာမရတော့တဲ့ အသက်၁၉နှစ်အရွယ် Caoဟာ သူအရမ်းချစ်ရတဲ့မိခင်ကို ကယ်တင်ဖို့အတွက် နောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့ပါတယ်။

Caoဟာ သူမကိုယ်သူမရောင်းမယ်ဆိုပြီး Wechatမှာ ကြေညာတင်ခဲ့ပါတယ်။ ဝယ်တဲ့သူခိုင်းသမျှလုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ Caoဟာ လယ်သမားမိသားစုကဖြစ်ပြီး Operation လုပ်ရမယ့် မိခင်ရဲ့ ဆေးကုသမှုစရိတ်ကို မတတ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။

Caoရဲ့ ကြေညာဟာ နေ့ချင်းညချင်း နာမည်ကြီးခဲ့ပြီး ပါဝင်လှူဒါန်းလိုသူတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမည်မသိလူတစ်ဦးကနေ Cao ရဲ့ မိခင်ရဲ့ Operationကို အစအဆုံး တာဝန်ယူမယ်လို့ပြောကြားခဲ့ပြီးနောက် Caoဟာ သူမရဲ့ ကြေညာချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
Source : next shark
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။