ယနေ့ အောက်တိုဘာ(၁၉)ရက်နေ့မှာ အဆင်လေးပါပဲ ရုပ်ရှင် အဖွဲ့သားများနှင့် အနုပညာရှင်များက စုပေါင်းပြီး ကထိန်ခင်း အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။ ဘားအံကို ရိုက်ကူးရေးအတွက်ရောက်ရှိနေခဲ့တာ ဖြစ်ပြီး စုပေါင်းကာ မဟာဘုံကထိန် အလှူပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။ ကထိန်ရာသီရောက်ပြီဖြစ်တဲ့အတွက် မဟာဘုံကထိန်များ ပြုလုပ်ခင်းကျင်းပြီး လှူဒါန်းကြရာ “အဆင်လေးပါပဲ” ရုပ်ရှင်အဖွဲ့သားများကလည်း ဘုံကထိန်ခင်း ပြုလုပ်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်.။ “အဆင်လေးပါပဲ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ရာဇဝင်ကို က ရိုက်ကူးပုံဖော်ထားထာ ဖြစ်ပါတယ်..။

“အဆင်လေးပါပဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခန့်စည်သူ၊ အေးမြတ်သူ၊ ထွန်းကိုကို နဲ့ ငွေမှုံရတီတို့ အဓိကပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဇော်ဝင်းနိုင်၊ ဆင်မ၊ ဝေဠု၊ သွက်လက်၊ စူပါလင်း၊ တက္ကသိုလ်ဂွမ်းပုံ၊ ပွင့်၊ အေးသီတာ၊ မျိုးမျိုးခိုင်၊ ကြူကြူသင်း၊ အေေးအေးအောင်၊ ပိုးဂျူလိုင်ထွဋ် တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး အခြားအနုပညာရှင်များလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်..။ ကထိန် ပဒေသာပင်ကိုတော့ ဦးခင်လှိုင်နှင့် အခြားအနုပညာရှင်တွေက ကိုယ်တိုင်ပဒေသာပင် သီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

ခန့်စည်သူ၊ ဦးခင်လှိုင်၊ တက္ကသိုလ် ဂွမ်းပုံတို့က မကြာမီ ရုံတင်ပြသတော့မယ့် “မယားကြောက်ရွာ” ဟာသရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်..။ လက်တလောမှာတော့ ဘာအံမှာ ရိုက်ကူးနေတဲ့ “အဆင်လေးပါပဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်..။ “မယားကြောက်ရွာ” ဟာသ ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသမှုမတိုင်မီမှာပင် Trailer ကို ကြည့်ရှုသူူ ပရိသတ်အများအပြား ရှိခဲ့တာ ဖြစ်ပါတယ်..။ “မယားကြောက်ရွာ” ဟာသရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီ ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် အားပေးဖို့ အဆင်သင့်ပဲလား ပရိသတ်ကြီး…

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။