1.ကိုယ့်အတွက် ဘယ်အချိန် စာကြည့် တာ အကောင်းဆုံးလဲဆိုတာသိရမယ်

ညီငယ် ညီမငယ် တို့မှတ်ထားရမှာက တယောက်နဲ့တယောက် စာဖတ်နညး် ကတူမှာ မဟုတ်ဘူး။ စာဖတ် တဲ့ကြာချိန်တွေကလည်း တူနိုင်မှာ မဟုတ်ဘူး။ တချို့တွေက မနက် ၊ နေ့လည် ဒါမှဟုတ် ညဘက် တွေစာကြည့်ရင် ပိုပြီးစာရကြတယ်။ အဲ့ဒါကြောင့် ဘယ်အချိန်မှာ စာဖတ် ရတာ အကောင်းဆုံးလဲဆိုတာကိုတော့ ကိုယ့်ကိုကိုယ် အရင်စမ်းစစ်ဖို့လိုတယ်။

2.အသံထွက် ပြီးဖတ်တာ ဒါမဟုတ် စကားပြောရင်း ဖတ်သွားတာ

စာဖတ် တယ်ဆိိုတာ မြင်ဖူးရုံလောက်ပဲဖတ်သွားတာမဟုတ်ဘူး။ အဲ့လိုမျိုးပဲ ဖတ်မယ်ဆိုရင် သေချာတာကတော့ မှတ်မိမှာမဟုတ်ဘူး။ အချိန်လည်းကုန်တယ်။ အဲ့ဒါကြောင့် နည်းလမ်းပြောင်းပြီး စာဖတ်ပေးသင့်တယ်။ အသံထွက် ပြီး ဖတ်တာ ဒါမှမဟုတ် စကားပြော တဲ့ပုံစံနဲ့ စာဖတ် သွားတာပေါ့။ သမိုင်း ကို ဖတ်မယ်ဆိုရင်လည်း ဖတ်ရ င်းနဲ့ တခါတည်း ကိုယ့်စကားနဲ့ကို ပြန်ပြောပြီး နားလည်အောင်လုပ်သွားရင် ပိုပြီး မှတ်မိသွားတယ်။

3.ဖတ်ပြီး ရင် အကျဉ်းချ ရေးထားလိုက်ပါ

ဖတ်ပြီးသာစာကို ပြန်ဖတ် တဲ့အပြင် အကျဉ်း ထုတ်ထားတာက ကိုယ့်ကို ပိုမှတ်မိစေတယ်။ ချရေးပြီး အကျဉ်း လုပ်တာ ဒါမှမဟုတ် ပုံဆွဲပြီး အကျဉ်း ထုတ်တာ စသဖြင့်ပေါ့။ အဲ့ဒါက တနည်းအားဖြင့်ပြောရလျှင် ရှင်းလင်းချက် ကိုရေးနေတာဖြစ်တဲ့အတွက် စာမေးပွဲ မှာ အထောက်အကူပြုတယ်။

4.ဖတ်တာ တခုတည်းနဲ့ မလုံလောက်ဘူး ။ အမေး အဖြေ တွေကိုလဲ လေ့ကျင့် ဖို့လိုတယ်

ဖတ်လည်းဖတ်ထားပြီ။ အကျဉ်း လည်း ထုတ်ထားပြီဆိုရင် မမေ့သင့်တာက အမေး အဖြေတွေကိုလည်း လေ့ကျင့် ဖို့ပဲ။ မေးခွန်းတွေနဲ့ ရင်းနှီးစေတာပဲ မဟုတ်ပဲနဲ့ အဲ့ပုစ္ဆာကိုဖြေရှင်းမဲ့ နည်းလမ်း အသစ် တွေကိုလည်း လေ့လာမိတယ်။

5.ဆိုရှဲလ် မီဒီယာ တွေနဲ့ပဲ အချိန်ကုန်နေလားဆိုပြီး ကိုယ့်ကို ပြန်စမ်းစစ်ပါ။

စာဖတ် ရတာ အာရုံမရတာနဲ့ စာဖတ် ဖို ့အချိန်မရှိတာရဲ့ ပြဿနာတမျိုးက ဆိုရှဲလ် မီဒီယာ အလွန်အကျွံသုံးစွဲတာ။ စာကို ၂ နာရီ လောက်အာရုံစိုက်သင်လိုက်ပြီး ကျူရှင် ဆင်း အိမ်ပြန်တယ်။ သူငယ်ချင်း တွေနဲ့ ဖုန်းပြောတယ် ပြီးရင် ဖုန်းဆော့ရင်း စာလုပ်ဖို့မေ့သွားကြတယ်။ ဒါမှမဟုတ် စာဖတ် ရင်လည်း အာရုံမရကြတော့ဘူး။ အဲ့ဒါကြောင့် စာလုပ်တော့မယ်ဆိုရင် ဖုန်းကိုပိတ်ပြီး သိမ်းထားလိုက်ပါ။

6.မနက်မိုးလင်းထိ စာမကြည့် နဲ့

မနက်ထိ စာကြည့် ရင် ပိုပြီးမှတ်မိစေတယ်လို့ ထင်တဲ့သူတွေအတွက် အဲ့ဒါက မှားတဲ့အတွေးပါ။ အိပ်ငိုက် တာ ဒါမှမဟုတ် ခေါင်းမကြည်ပဲနဲ့ စာမေးပွဲဖြေရင် ဘယ်လိုလို့ စာတွေမှတ်မိမှာလဲ။ အဲ့ဒါကြောင့် အိပ်ရေး ဝဝအိပ်ဖို့ လိုအပ်တယ်။

Source : Lwin Pyin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။