ပရိသတ်ချစ်တဲ့သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံဟာ ရုပ်ရှင်တစ်ကားနဲ့တစ်ကားမတူညီတဲ့ဟာသဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်ကြီးကိုပျော်ရွှင်ရယ်မောစေတဲ့ဟာသအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ယခုအခါမှာလဲ သူမရဲ့အလန်းစားဖက်ရှင်တွေနဲ့ချစ်စရာကောင်းတဲ့သူမပုံရိပ်တွေကိုပရိသတ်ကြီးမြင်တွေ့လိုက်ရုံနဲ့ ့ပျော်ရွှင်ရယ်မောရမှာပဲဖြစ်ပါတယ်။ပရိသတ်ချစ်သရုပ်ဆောင်ဂွမ်းပုံနဲအတူနိုင်ငံကျော်ဝါရင့်အနုပညာရှင်ပေါင်းများစွာပါဝင်ရိုက်ကူးနေတဲ့ ''အစင်လေးပါပဲ "ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ချစ်စရာကောင်းပြီး လုံးဝလန်ထွက်နေတဲ့ ဖက်ရှှင်အပျံစားတွေနဲ့သရုပ်ဆောင်ဂွမ်းပုံကိုပရိသတ်တွေတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ 

အစင်လေးပါပဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဘားအံ့ မှာရိုက်ကူးနေတာဖြစ်တယ်လို့လဲ့သိရပါတယ်။မြန်မာလူမျိုးတို့ရဲ့ချစ်စရာ ဓလေ့ရိုးရာအလှူလေးတစ်ခုဖြစ်တဲ့ မဟာဘုံကထိန်ပြုလုပ်လှူဒါန်းတဲ့အချိန်အခါလေးနဲ့တိုုက်ဆိုင်တာကြောင့် အစင်လေးပါပဲ ရုပ်ရှင်ဇာတ်ကားကြီးမှ အနုပညာရှင် ညီကိုမောင်နှမတွေအားလုံး စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်လေးလဲလှူဖြစ်ပါတယ်လို့သိရပါတယ်။

အခုလိုတိုက်တိုက်ဆိုင်ဆိုင်အနုပညာမောင်နှမတွေအားလုံးစုပေါင်းပြီးအလှူလေးလဲလုပ်ဖြစ်ခဲ့တော့ဒီရုပ်ရှင်ဇာတ်ကားလေးရိုက်ကူးမှုဟာအရမ်းကိုပျော်စရာကောင်းပြီးအမှတ်တရလေးတွေအများကြီးဖြစ်ရပါတယ်လို့ဆိုပါတယ်။ဂွမ်းတို့ပျော်ရွှင်ရသလိုပရိသတ်ကြီးအတွက်လဲပျော်ရွှင်ရယ်မောစေရမယ့်ကားလေးတစ်ကားဖြစ်အောင်အကောင်းဆုံးကြိုးစားနေပါတယ်လို့ဆိုပါတယ်။သရုပ်ဆောင်ဂွမ်းပုံရဲ့ရိုက်ကွင်းပေါ်ကအလန်းစားဖက်ရှင်တွေနဲ့သူမရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - တက္ကသိုလ်ဂွမ်းပုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။