အနုပညာမျိုးရိုးက ဆင်းသက်လာကြသူတွေဖြစ်သလို ကိုယ်တိုင်လည်း ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြသူတွေထဲမှာ စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့လည်း ပါဝင်ပါတယ်။ ထိပ်တန်းမင်းသမီးတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ နဲ့ စိုးမြတ်ကလျာတို့ရဲ့ တူမတွေဖြစ်တဲ့ သူတို့နှစ်ဦးကတော့ မွန်မြတ်တဲ့ အလှူဒါနတစ်ခုပြုခဲ့ပါတယ်။ 

သူတို့ညီမ နှစ်ဦးကတော့ ရှင်ပြုရဟန်းမခံနိုင်တဲ့ ချို့တဲ့ကလေးငယ်တွေကို ရှင်ပြုပေးတဲ့ အလှူသတင်းဟာ ပရိသတ်တွေကို ဝမ်းသာပီတိဖြစ်စေပါတယ်။ တံတာဦးမြို့နယ် စကားအင်းကျေးရွာ ဇီးကန်တောရကျောင်းမှာ အလှူပြုမှာဖြစ်ပြီး ၁၉ ရက်နေ့ကတော့ အလှူအကြိုနေ့ဖြစ်ပါတယ်။ အလှူအကြိုနေ့လေးနဲ့ပတ်သတ်လို့ စိုးပြည့်ကတော့

"၁၉.၁၀.၂၀၁၇..ဒီနေ့အလှူအဝင်နေ့မှာမောင်ရှင်လောင်း၅၃ပါးဆံချကိုယ်ရင်ဝတ်.........မနက်ဖြန်အလှူအတွက်ချက်ကြပြုတ်ကြတာကိုကြည့်ရင်းကိုယ်တိုင်လည်းဝင်ကူရင်းအရမိးကိုပီတိဖြစ်ရပါတယ်ရှင်???သာဓုခေါ်ဆိုနိုင်ကြပါစေ???" ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။ 

စန္ဒီမြင့်လွင်ကလည်း သူမရဲ့ facebook ကတဆင့် အလှူအကြိုပုံရိပ်လေးတွေကို ပရိသတ်တွေ သာဓုခေါ်နိုင်အောင် မျှဝေပေးထားပါတယ်။ မနက်ဖြန် ၂၀.၁၀.၂၁၀၇ ကတော့ အလှူကြီးနေ့ဖြစ်ပြီး ထိုအလှူအတွက် ပရိသတ်တွေသာမက ဗုဒ္ဓဘာသာဝင်အများစု သာဓုခေါ်ဆိုနေကြတဲ့ comment တွေကို တွေ့ခဲ့ရပါတယ် ပရိသတ်ကြီးရေ........

Source: Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။