နန်းမြတ်ဖြိုးသင်းတစ်ယောက်တော့ အတော်ကို ဒေါသထွက်နေပါတယ် ။ အကြောင်းကတော့

သူမ အပြင်ထွက်ရင်း ကြုံလိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့်ပါ ။

ရန်ဖြစ်နေတဲ့ အတွဲတစ်တွဲက ကောင်လေးရဲ့ လွန်လွန်ကြူးကြူးလုပ်ရပ်တွေ အကြောင်းကို

နန်းမြတ်ဖြိုးသင်းက ဒီလိုပြောပြထားပါတယ် ။ 

" ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒိုရှေ့မှာကိုယ်ကကြက်ကြော်ဝယ်ရင်းတွေ့တာ

အတွဲတတွဲရန်ဖြစ်တာကွယ်

အစကတော့ဒီတိုင်းရန်ဖြစ်တယ်ပေါ့

နောက်တော့အဲ့ယောကျင်္ားကကားတိုက်ခံတယ်

သူတယောက်ထဲတိုက်ခံပါလား

ကောင်မလေးကိုပါဆွဲပီးကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ထွက်ရပ်တယ်

ကားတွေဘရိတ်မိလို့တော်သေးတာပေါ့

ကားတိုက်မိရင်လဲကားသမားတိုင်ပတ်ဦးမယ်

ထောင်ပွဲစားတွေ?

အဲဒါမပီးသေးဘူးဟိုဘက်ကားလမ်းရောက်ပီးချောင်ထဲခေါ်ပီး

ကောင်မလေးကိုနားရင်းပါရင်းအုပ်တာ

မြင်လို့တောင်မကောင်းဘူး

အဲတော့ဘေးကယောကျင်္ားတွေကမနေနိုင်တော့ဝင်ပါကြပါတယ်

အဲ့လူတွေကိုဆဲတာဆဲတာဆိုတာ

ရဲဖုန်းဆက်အကြောင်းကြားတဲ့လူကအကြောင်းကြားကြပေါ့

အဲ့ရှေ့ကကုမ္ပဏီတခုကလူကမနေနိုင်တော့ပဲတုတ်နဲ့ထွက်ရမ်းတော့ ပြန်လုပ်တယ်တော့

အရေးထဲရဲတွေကကားပိတ်နေလို့တဲ့

အဲ့ကုမ္ပဏီကလုံခြံုရေးတွေကလဲအားမကိုးရပါဘူး

နောက်တော့ကောင်မလေးကအတင်းtaxiထွက်ငှားတာကားပေါ်အတင်းလိုက်သွားလေရဲ့

ပြောချင်တာကမိန်းကလေးတွေအဲဒါမျိုးကိုလုံးဝလက်မခံကြပါနဲ့

ကူညီလာပေးတဲ့လူရှိရင်အဲ့လူတွေနားမှာနေပီး ရဲခေါ်ပေးဖို့ပြောပီး ရဲမလာမချင်းအဲ့နေရာကလုံးဝမရွေ့ပါနဲ့လို့ " သူမကဆိုတာပါ ။

လူ့အသိုင်းအဝိုင်းမှာ အားနွဲ့သူအပေါ် လက်ပါတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စရပ်တစ်ခုပါ ။ အချစ်ကို ဘယ်လောက်ပဲကိုးကွယ် ကိုးကွယ်

ဒီကိစ္စကိုတော့ လက်မခံသင့်ဘူးလို့ ထင်ပါတယ် ။ ပရိတ်သတ်ကြီးရော ဘယ်လိုမြင်လဲ ပြောသွားကြည့်နော် ! 

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။