ချစ်သူယောကျာ်းလေးကနေ ကိုယ်ပိုင်ဆိုင်ထားတဲ့ မိန်းကလေးဆီကနေ လိုချင်တဲ့ အရာ(၈)ခုပါ။

(၁) သူ့ကိုပဲသဘောကျစေချင်တာ

ချစ်သူကောင်လေးတိုင်းမှာ ရှိပါတယ်။ သူသင့်ဆီက အလိုချင်ဆုံးအရာကတော့ တခြားယောကျာ်းလေးမဟုတ်ဘဲ သူ့ကိုသာ နှစ်နှစ်ကာကာ သဘောကျစေချင်တာပါ။ တခြားယောကျာ်းလေးတွေ ဘယ်လောက်ပဲသာသာ ကိုယ့်ကိုသာ သဘောအကျဆုံးဖြစ်စေချင်တာ ကိုယ့်ချစ်သူကောင်လေးရဲ့ ဆန္ဒပါ။

(၂) သူနဲ့ စိတ်တူကိုယ်တူဖြစ်စေချင်တာ

သင့်ချစ်သူကောင်လေးက သူသဘောကျတဲ့အရာတွေ သင်ပါသဘောကျလာဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါမှသာ သင်တို့နှစ်ဦး စိတ်တူကိုယ်တူဖြစ်ပြီး ရေရှည် လက်တွဲသွားနိုင်မှာမို့လို့ပါ။

(၃) နားထောင်တတ်တဲ့လူစားမျိုး

ယောကျာ်းလေးတွေဟာ သူတို့ရင်ဖွင့်လို့ကောင်းတဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြပါတယ်၊ သင့်ချစ်သူကောင်လေးဟာ သင့်ဆီမှာရင်ဖွင့်နေကြဆိုရင်တော့ သူ့အတွက် သင်ဟာ ကောင်းကောင်းနားထောင်ပေးတတ်တ ဲ့လူတစ်ယောက်ဖြစ်နေပြိဆိုတာနဲ့တင် လုံလောက်ပါတယ်။

(၄) သူ့ရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို တန်ဖိုးထားတတ်တဲ့ မိန်းမမျိုး

ပါရမီဖြည့်ဖက်ဆိုတဲ့စကားကို ဒီနေရာမှာ သုံးရမှာဖြစ်ပါတယ်။ ယောကျာ်းလေးတွေဟာ သူတို့ရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်ပန်းတိုင်ကို နားလည်ပေးပြီး အတူပါရမီဖြည့်ပေးနိုင်တဲ့ ချစ်သူမိန်းကလေးကိုသာ အလိုရှိတတ်ကြပါတယ်။

(၅) ရည်မှန်းချက်တိတိကျကျရှိပြီး စမတ်ကျတဲ့ မိန်းမမျိုး

ဘာကြောင့်လဲဆိုတော့ သူတို့အတွက် ထက်မြက်တဲ့မိန်းမဟာ အရေးပါလို့ပါ။ ယောကျာ်းတိုင်းဟာ ထက်ထက်မြက်မြက်မိန်းကလေးတွေကို တစ်လေးတစ်စား ဆက်ဆံတတ်ပြီး အရေးပေးတတ်ပါတယ်။ သင်ဟာအဲလိုလူမျိုးသာဆို သင့်ချစ်သူကောင်လေးကတော့ သင့်အတွက် ဂုဏ်ယူနေမိမှာပါ။

(၆) သူ့ရဲ့လိုအပ်ချက်တွေကို နားလည်ပေးတာ

သင့်ချစ်သူကောင်လေးရဲ့ လိုအပ်ချက်တွေကို နားလည်ပေးတာကိုပဲ သူကလိုချင်မှာပါ။ လူတိုင်းကတော့ မပြည့်စုံပါဘူး။ သူ့လိုအပ်ချက်နဲ့ သူပါပဲ။ ဒါကို နားလည်ပေးဖို့ သူတို့်ဘက်ကနေ မျှော်လင့်နေမှာပါ။

(၇) ကြည်နူးစရာအချိန်လေးတွေ ရချင်တာ

ဘယ်ယောကျာ်းလေးကမှ ရိုးရိုးသားသား တုံးတုံးအအမနေနိုင်ပါဘူး။ ချစ်သူနှစ်ယောက်ဆက်ဆံရေးမှာ အထိအတွေ့၊ ကြည်နူးစရာ အချိန်လေးတွေ ဖန်တီးနိုင်ဖို့လိုလားမှာပါ။ ဒါကိုကောင်းကောင်းပေးစွမ်းနိုင်တဲ့ အမျိုးသမီးတွေကိုသာ သူတို့က မျှော်လင့်တတ်ကြတာပါ။

(၈) တက်တက်ကြွကြွနဲ့ နှစ်လိုဖွယ်ရှိတဲ့ အမျိုးသမီး

သင့်ရဲ့ စိတ်အခြေအနေဟာ သင့်ချစ်သူကောင်လေးအပေါ် သက်ရောက်မှုရှိပါတယ်။ သူတို့အတွက် အမြဲတက်ကြွပြီး နှစ်လိုဖွယ်ရှိတဲ့ အမျိုးသမီးမျိုးကိုသာလျှင် မျှော်မှန်းတတ်ကြတာပါ။

Source : vixendaily

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။