မြန်မာ့ရိုးရာလက်ရာတွေနဲ့ မွမ်းမံထားတဲ့ Kandawgyi Palace Hotel မီးလောင်မှုဟာ ဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့ပြီး ပြည်သူတွေကြားထဲ နှမြောတသဖြစ်စရာ တစ်ခု ဖြစ်လာခဲ့ပါတယ် ။မီးလောင်တဲ့ အရှိန် အရမ်းများပြီး level 5 အဆင့်ထိ သတ်မှတ်ကာ ငြိမ်းသတ်ခဲ့ရတဲ့အပြင် ဧည့်သည် ဂျပန်လူမျိုးတစ်ယောက်ပါ အသက်ဆုံးရှုံးခဲ့ရတဲ့ မီးတောက်တွေ ဒီလောက်ထိ ဘာလို့များခဲ့ရသလဲ ဆိုတဲ့ အကြောင်းကို ပထမဆုံး မီးလောင်ကြောင်းသိရှိခဲ့သူက သူ့ရဲ့ အဖြစ်နဲ့ ထိုစဉ်က မီးစတင်လောင်ကျွမ်းနေမှု Video ရိုက်ကူးထားခဲ့တာကို ချပြလိုက်ပါတယ် ။ 

( Video ကို စာအားလုံးရဲ့ အောက်ဆုံးမှာ ကြည့်ရှုနိုင်ပါတယ် ။ )

" မနေ့ညက Club House မှာ ပွဲရှိလို့သွားဖြစ်ခဲ့တယ်၊ တော်တော်လေးတီးတာကောင်းပါတယ်၊ ၂:၄၅ လောက်သူငယ်ချင်းတွေက အဲ့ဒိက နေ Brave ကိုခဏသွားအုံး မယ်ဆိုုပြီး အပြင်ထွက်လာတာ မီးခိီုးအနံ့ နည်းနည်းရတော့ လုုံခြံု ရေးကိုပြောတယ် အကိုညော်နံ့ရတယ် ဘာဖြစ်လဲ ကြည့်အုံးဆိုတော့ ဘာမှမဟုတ်ဘူး ပွဲရှိလို့ ဆေးလိပ်နံ့တွေများနေလို့ပါ အကိုတဲ့၊ ဒါနဲ့ ကားပေါ်တက်ပြီး ချက်ချင်းမသွားဖြစ်သေးပဲ ဖုန်း ၁၅မိနစ် လောက် ခဏသုံးနေပြီးမှ ကားထွက်ခါနီး ကြည့်တော့ အပေါ်ဆုံးမှာ မီးခိုး နည်းနည်းထွက်နေတာ တွေ့တယ်၊ အဲ့ဒါနဲ့ကားကို တန်းမထွက်ပဲ ပတ်မောင်းပြီး carpark ကလုံုခြံုရေးကို ထပ်ခေါ် ပြီးမီးခီုးထွက်တာပြပြီး တခုခုလောင်နေပြီ ထင်တယ်နော် မင်းတို့မပေါ့နဲ့ လို့ပြောတော့ အကိုစိတ်မပူနဲ့ ဟိုတယ်က Boiler ကအပူများလို့ဖြစ်တာ၊ ငါ့အကို အောက်မှာသောက်တာများလာလားမသိဘူး၊ ချစ်ကိုသာကားကိုဂရုစိုက်မောင်းအုံးဆိုုပြီး ရည်ပြီးပြောလိုက်သေးတယ်၊ ကျွန်တော်စိတ်ထဲ မီးခိုးတွေကို လောင်နေတယ်ပဲ ထင်တာနဲ့ နောက်နေ့ Manager ကိုဒါပုံမှန်ထွက်နေကြလားမေးမယ်ဆိုပြီး Video ရိုက်ထားလိုက်တယ်၊ အချိန်ကြည့်တော့ ၃နာရီ စွန်းစွန်း၊ အဲ့ဒိထဲက သာစနစ်တကျနဲ့ မြန်မြန် မီးသတ်နဲ့ဖြေရှင်းလိုက်ရင် ဒီလို အရမ်းဝမ်းနည်းစရာ ဆုံးရှုံးမှုကြီး ဖြစ်မှာ မဟုတ်လောက်ဘူး။ မိုးလင်းတော့သတင်းတွေကြားတော့ ဗိုလ်ချုပ်ပန်းခြံထဲကသွားကြည့်တော့ မြင်တဲ့အတိုင်း မီးအားနဲ့ ရေအား၊ မီးသတ်စနစ်တွေလည်းအများကြီးကို လိုနေသေးတယ်ဗျာ၊ မင်္ဂလာစျေးမီးလောင်တုံးကလည်း ကိုယ်ဆိုင်တွေမီးလောင်တာဒီတိုုင်းရပ်ကြည့်ခဲ့ရတယ်။

တကယ်ကြီးကြီးမားမား လောင်ရင် တကယ်ဒီထက်ကောင်းတဲ့ များတဲ့ မီးသတ်စနစ်တွေ တိုးချဲ့ဖို့အရမ်းလိုနေပြီ။ တကယ်ကို ကျွန်းသစ်တွေနဲ့ မြန်မာ့လက်ရာတွေ နဲ့ အင်မတန် တန်ဖိုးရှိလှပတဲ့ ဟိုတယ် ခုတော့အကုန်သွားပြီ။ " လို့ ယူကြံုးမရဆိုခဲ့ပြီး သူ့ရဲ့ Video လေးထဲမှာတော့ မီးမလောင်ခင် Kandawgyi Palace Hotel ကို နောက်ဆုံး တွေ့ရှိရမှာပါ ။ အမှတ်တမဲ့ ရိုက်ကူးခဲ့တဲ့ Video လေးက နောက်ထပ် အစားထိုးပြန်ရိုက်လို့ မရတော့မယ့် အမှတ်တရတွေကို သိမ်းဆည်းမိသွားတာပဲ ဖြစ်ပါတယ် ။ Video ကိုကြည့်ရတာ စိတ်မကောင်းစရာပါပဲ ။

တကယ်လို့ အဲဒီအချိန်ထဲကသာ မီးလောင်နေတာကို သိရှိခဲ့ကြမယ်ဆိုရင် ... 

သတင်းအရင်းမြစ် Ko Kaung Htut and Photo irrawaddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။