ပရိသတ်ကြီးနဲ့ဝေးကွာနေခဲ့တာကြာပြီးဖြစ်တဲ့ သရုပ်ဆောင်ဇင်ဇင်ဇော်မြင့် ဟာ အနုပညာလောကထဲပြန်လည်ဝင်ရောက်လာခဲ့ပြီးအနုပညာလုပ်ငန်းပြန်လည်လုပ်ကိုင်သွားမယ်လို့သိရပါတယ်။

အနုပညာလောကနဲ့ဝေးကွာနေခဲ့တာတောင်ပရိသတ်တွေသတိတရနဲ့ချစ်ခင်အားနေဆဲဆိုတာသိရလို့လဲအရမ်းဝမ်းသာပျော်ရွှင်ရပါတယ်လို့ဆိုပါတယ်။အသက်အရွှယ်နဲ့အတွေ့အကြုံတွေအရပိုမိုရင့်ကျက်လာခဲ့ပြီးအနုပညာလုပ်ငန်းတွေမှာအရင်ကထက်ပိုပြီးသူမသိခွင့်ရခဲ့တဲ့အနုပညာ,အတက်ပညာတွေနဲ့ပရိသတ်ကြီးအတွက်အကောင်းဆုံးကြိုးစားသွားမှာပါလို့လဲပြောပါတယ်။ 

လက်ရှိမှာတော့ သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ဟာ ZZ Gems&Jewellery ဆိုတဲ့ ဆိုင်လေးဖွင့်ထားပြီးသာယာပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားတယ်လို့လဲသိရပါတယ်။ ZZ Gems&Jewellery ဆိုင်လေးကိုလဲသူမကိုချစ်တဲ့စိတ်နဲ့လာရောက်အားပေးတဲ့ပရိသတ်ကြီးကိုလဲအများကြီးကျေးဇူးတင်ကြောင်းပြောပါတယ်။

လက်တစ်လော အနုပညာလှုပ်ရှားမှုအနေနဲ့ ဓာတ်ပုံရိုက်ကူးမှုလေးတွေပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့လဲရှိပြီးလောလောဆယ်မှာတော့ ဇာတ်အိမ်ရွေးနေပါတယ်လို့သိရပါတယ်။ပရိသတ်တွေအတွက်ပျော်ရွှင်စေမယ့်ဇာတ်ကားမျိုးလေးတွေ ဖန်စီဇာတ်ကားလေးတွေပဲ ရိုက်ကူးသွားချင်တာကြောင့်ဇာတ်လမ်းဇာတ်အိမ်ရွေးချယ်နေတာဖြစ်တယ်လို့သိရပါတယ်။ဒီဇင်ဘာလလောက်မှာရိုက်ကူးရေးစလောက်မှာဖြစ်ပြီးမကြာခင်မှာပရိသတ်တွေချစ်ခင်အားပေးခဲ့ကြရတဲ့ဇင်ဇင်ဇော်မြင့်ကို တီဗီဖန်သားပြင်ပေါ်မှာတစ်ဖန်ပြန်လည်မြင်တွေ့ရတော့မှာပါလို့ဆိုပါတယ်။

သူမခုလိုအနုပညာလောကထဲပြန်ဝင်လာတာဟာလဲပရိသတ်ကြီးရဲ့ယနေ့ထိမမေ့ပဲချစ်ခင်အားပေးနေမှုကြောင့်ပါလို့ဆိုပါတယ်။အစားအသောက်လေ့ကျင့်ခန်းတွေပင်ပင်ပန်းပန်းပြုလုပ်ခဲ့ရပြီးမတူညီတဲ့ ပုံစံအသစ်လေးတွေနဲ့တင်ဆက်ဖို့အများကြီးကြိုးစားခဲ့ရတာတွေဟာပရိသတ်ကြီးအတွက်ပါလို့ဆိုပါတယ်။လက်ရှိပရိသတ်တွေချစ်ခင်အားပေးနေတဲ့အနုပညာညီကိုမောင်နှမတွေအားလုံးနဲ့လဲ အတူလက်တွဲပြီးပရိသတ်ကြီးအတွက်အကောင်းဆုံးကြိုးစားသွားမှာပါလို့သိရပါတယ်။ပန်းနုရောင်သတို့သမီးဝတ်စုံလေးနဲ့လှနေတဲ့ ဇင်ဇင်ဇော်မြင့်ရဲ့ ဓာတ်ပုံရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဇင်ဇင်ဇော်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။