ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင်ဟာ သူ့ရဲ့ဆရာဖြစ်သူ အကယ်ဒမီများရှင် ဒါရိုက်တာ ကြည်စိုးထွန်းကို သွားရောက်ကန်တော့ခဲ့တယ်လို့ သိရပါတယ်..။ အောက်တိုဘာ(၁၇)ရက်နေ့က သွားရောက်ကန်တော့ခဲ့တာ ဖြစ်ပါတယ်..။ ဒါရိုက်တာ ကြည်စိုးထွန်းက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ “အေးချမ်းငြိမ်သက်သော ဘ၀ ကျန်းမာစွာရရှိနိုင်ပါစေ… ပျောက်နေတတ်တဲ့ တပည့်ကျော်…” ဟု သူ့ရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

ကန်တော့ဖွယ် ပစ္စည်းများကို မတွေ့ရဘဲ လက်အုပ်ချီကန်တော့ခဲ့တာ တွေ့ရပါတယ်..။ ကျော်ရဲအောင်ဟာ စကားပြော ပွင့်လင်းပြီး လူအများနှင့်လည်း ရောရောနှောနှော မနေတတ်သူ ဖြစ်ပါတယ်..။ ကျော်ရဲအောင်ဟာ သူ့ရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်နိုင်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။ အခုနောက်ပိုင်းကာလများမှာ ဟာသနှောဇာတ်ကားများမှာလည်း ပါဝင်သရုပ်ထားတာ တွေ့ရပါတယ်.

အကယ်ဒမီကျော်ရဲအောင်ဟာ “သားသမီး ဇနီး ကြင်ယာ” ဇာတ်ကားနှင့် အကယ်ဒမီရရှိခဲ့တာ ဖြစ်ပါတယ်..။ ၂၀၀၇ ခုနှစ်မှာတော့ “ကိုးဆယ်ဆသာလိမ့်မယ်” ရုပ်ရှင်ဇာတ်ကားနဲ့ ထပ်မံ အကယ်ဒမီ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း အကယ်ဒမီများရှင် ရန်အောင်ကလည်း ဒါရိုက်တာ ကြည်စိုးထွန်းကို လာရောက် ဂါဝရပြု ကန်တော့ခဲ့ပါတယ်..။ ဆရာဖြစ်သူ ဒါရိုက်တာ ကြည်စိုးထွန်းကလည်း တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် လာရောက်ပြီး ဂါဝရပြု ကန်တော့ကြတဲ့ အတွက် ဝမ်းသာပီတိဖြစ်လို့ နေပါတယ်..။

Source - ၾကည္စိုးထြန္း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။