ရီနီနှုတ်ထွက်ရန်ပရိသတ်များတောင်းဆို

မနေ့ကရတနာပုံနဲ့ရန်ကုန်ပွဲမှာတစ်ဖက်နဲ့တစ်ဖက်ဂိုးမရှိ

သရေကျခဲ့ပါတယ်။ပထမအကျော့မှာရန်ကုန်ကတစ်ဂိုး

ဂိုးမရှိနဲ့အနိုင်ရထားတာကြောင့်နှစ်ကျော့ပေါင်းရလဒ်အရ

ရန်ကုန်ကတစ်ဂိုးမရှိနဲ့ဖိုင်နယ်ကိုတက်သွားပါတယ်။

လက်ရှိချန်ပီယံရတနာပုံဟာဒီနှစ်မှာ

အမှတ်ပေးဖလားလဲမရ၊ရှုံးထွက်ဒိုင်းလည်းမရတဲ့

အခြေအနေကိုဆိုက်သွားပါပြီ။ရတနာပုံအသင်း

ကျရှံုးမှုနဲ့အတူရတနာပုံနည်းပြရီနီဟာလည်းပရိသတ်တွေရဲ့

ဖိအားပေးမှုတွေခံလာရပါတယ်။မနှစ်ကရတနာပုံကိုချန်ပီယံဆု

ယူပေးခဲ့တဲ့နည်းပြကြီးအခုတော့..

ရတနာပုံပရိသတ်တွေဟာနည်းပြကြီးရီနီကိုမနေ့ကပွဲအပြီး

မှာရာထူးကနုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။

ဘယ်ဂျီယမ်နိုင်ငံသားရီနီဟာ2015ခုနှစ်ကရတနာပုံ

အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး2016အမှတ်ပေးဖလား

ချန်ပီယံဆုကိုရတနာပုံအသင်းအတွက်ရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ပရိသတ်တွေမျှော်လင့်နေတဲ့ပြည်ပအောင်မြင်မှုကို

မရယူနိုင်ခဲ့ပါဘူး။

ရတနာပုံအသင်းတာဝန်ရှိသူတွေအနေနဲ့လည်းရီနီကို

စာချုပ်သက်တမ်းဆက်တိုးဖို့ကိစ္စကိုပြန်လည်စဉ်းစားနေတယ်

လို့ဆိုပါတယ်။ရတနာပုံအသင်းဟာလာမယ့်အောက်တိုဘာ22မှာရှမ်းအသင်းနဲ့

အိမ်ကွင်းမှာကစားရမှာပါ။ဒီပွဲဟာရှမ်းအတွက်ချန်ပီယံဆု

အဆုံးအဖြတ်ပွဲပါပဲ။ရတနာပုံအတွက်လည်းနောက်ဆုံးပွဲပါပဲ။

ဘာလို့လဲဆိုတော့ဒီပွဲအပြီးကစားရမယ့်နေပြည်တော်အသင်းကဖျက်သိမ်းလိုက်လို့ပါ။

ရီနီထွက်မထွက်ကိုတော့ရှမ်းအသင်းနဲ့ပွဲအပြီးအဖြူအမဲသဲကွဲ

လာနိုင်ပါတယ်။

Source-YDNB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။