မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အိမ်ရှင် အဲဗာတန်အသင်းဟာ လိုင်ယွန်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းဟာ ယူရိုပါလိဂ်အုပ်စု ပွဲ ၃ ကစားထားပြီးချိန်မှာ ၁ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၅ မှတ်နဲ့ အဆင့် ၂ နေရာမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။အဆင့် ၁ နေရာက အတ္တလန်နာ အသင်းနဲ့ ၂ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းကတော့ ၃ ပွဲကစားထားပြီးချိန်မှာ ၂ ပွဲရှုံး ၁ ပွဲသရေ ရမှတ် ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရှိနေတာလည်းဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မီးရားလက်၊ လီဝင်၊ ကလာဆန်၊ ဗလာဆစ်၊ ရှနိုက်ဒါလင်၊ ဒေးဗစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းအတွက် ပွဲထွက်လူစာရင်းမှာတော့ မာအိုလီဒါ၊ ဒီပေး၊ ဖာကီရီ၊ ထရာအိုရီ၊ ဟော့ဆန်၊ တော့ဆက် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲကို ခပ်ကြမ်းကြမ်း ကစားခဲ့ကြတာကြောင့် ပွဲက မြိုင်ဆိုင်ခဲ့ပါတယ်။ 

ပွဲစလို့ ၆ မိနစ်မှာ ပဲ လိုင်ယွန်အသင်းအတွက်အဖွင့်ဂိုးကို ဖာကီရီ က ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းပြီးဆုံးချိန်အထိ လိုင်ယွန်အသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပါတယ်။၆၉ မိနစ်မှာတော့ အဲဗာတန်အသင်းအတွက် ချေပဂိုးကို ဝီလီလျံ က ခေါင်းတိုက်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၇၅ မိနစ်မှာ လိုင်ယွန်အသင်းအတွက်အနိုင်ဂိုးကို ထရာအိုရီက နောက်ပေါက်နဲ့ ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။