ဖလားလက်မဲ့ဖြစ်ဖို့နီးစပ်သွားတဲ့ရတနာပုံ

ရတနာပုံအသင်းဟာအခွင့်အရေးကောင်းတွေကို

လက်လွတ်ပစ်ခဲ့တယ်လို့ပဲဆိုရမှာပါ။အမှတ်ပေးချန်ပီယံ

ဆုကိုကာကွယ်နိုင်တဲ့အခွင့်အရေးရှိပါရက်နဲ့ဒုတိယအကျော့မှာ

ခြေချော်ခဲ့တာ၊ဗိုလ်ချုပ်ဒိုင်းဆီမီးဖိုင်နယ်မှာကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရဲ့သားနဲ့

မန္တလာသီရိမှာရန်ကုန်ကိုအနိုင်မယူနိုင်ခဲ့တာတွေဟာ

ရတနာပုံအတွက်စိတ်ပျက်စရာပါ။မနေ့ကပွဲမှာတော့

အသင်းကြီးတွေဖြစ်တာနဲ့အညီအကြိတ်အနယ်ရှိခဲ့ပြီး

ဂိုးမရှိသရေကျခဲ့ပါတယ်။

ဒါပေမယ့်ပထမအကျော့တုန်းကရန်ကုန်ကတစ်ဂိုး

ဂိုးမရှိနဲ့နိုင်ထားတာကြောင့်ရန်ကုန်ဖိုင်နယ်တက်သွား

ပါတယ်။ဒဏ်ရာရနေတဲ့သိန်းသန်းဝင်းကလွှဲရင်လူစုံပါခဲ့တဲ့ရတနာပုံဟာ

ပွဲချိန်ပြည့်နီးပါးရန်ကုန်ကိုဖိကစားခဲ့ပါတယ်။အောင်သူ၊

ပက်ထရစ်တို့အပိုင်ဂိုးသွင်းခွင့်တွေကိုအကြိမ်ကြိမ်လွှဲချော်

နေခဲ့တာကြောင့်သာရတနာပုံတို့အနိုင်မရခဲ့တာပါ။ဒီပွဲမှာ

ချီးကျူးရမှာကရန်ကုန်ဂိုးသမားကျော်ဇင်ထက်ဖြစ်ပြီး

ရတနာပုံရဲ့ဂိုးသွင့်ခွင့်တွေကိုလက်စွမ်းပြကာကွယ်ထားနိုင်

ခဲ့ပါတယ်။

ရန်ကုန်ဟာခံစစ်ဗျူဟာနဲ့သာရတနာပုံကိုရင်ဆိုင်ခဲ့ပြီး

ကောင်တာပုံစံနဲ့သာတစ်ခါတစ်ခါပြန်လည်ထိုးဖောက်ခဲ့တာတွေ့ရပါတယ်။ရန်ကုန်အသင်းကအီမာဆန်၊ကျော်ကိုကို၊ဒေးဗစ်

ဒန်းတို့အထူးခြေစွမ်းပြခဲ့တာကိုတွေ့ရပါတယ်။ဒီပွဲသရေကျခဲ့တာကြောင့်ရတနာပုံရဲ့ပထမဆုံးဗိုလ်ချုပ်ဒိုင်း

ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်တို့ပျက်စီးခဲ့ရပါတယ်။ဖိုင်နယ််ကိုတော့ရှမ်းနဲ့ရန်ကုန်တို့တက်ရောက်သွားခဲ့ပြီး

25ရက်နေ့အောင်ဆန်းကွင်းမှာကစားသွားမှာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။