မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ အေစီမီလန်အသင်းနဲ့ AEK အေသင် အသင်းတို့ဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားကာ ရလဒ်တွေ အနည်းငယ်ဆိုးဝါးနေတာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ယူရိုပါလိဂ်အုပ်စုပွဲ သုံးပွဲ ကစားထားပြီးချိန်မှာ ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၇ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာက AEK အေသင်အသင်းကို ၂ မှတ်ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အန်ဒရီ ဆေးဗာလ်း၊ ကူထရိုနီ၊ လိုကာတယ်လီ၊ ဆူဆို၊ ကေဟမ်နိုဂလူး၊ ဘိုနာဗန်ကျူရာ၊ ကာလာဘရီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။AEK အေသင် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လီဗာဂျာ၊ မန်တာလော့၊ လာဇာရော့၊ ဂါလို၊ ဂျိုးဟက်ဆန်၊ ဆီမာအို့စ်၊ လိုပက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။AEK အေသင် ရဲ့ ဂိုးသမား အန်နီစတစ် လက်စွမ်းပြခဲ့တာကြောင့် အေစီမီလန်အသင်း နိုင်ပွဲနဲ့ ဝေးကွာခဲ့ရတာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ AEK အေသင်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ နဲ့ တိုက်လျှောက်ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ဂိုးပေါက် ခြိမ်းခြောက်မှု ၂၂ ကြိမ်လောက်ရရှိခဲ့ပေမဲ့ AEK နောက်တန်းနဲ့ ဂိုးသမားအကောင်းဆုံး ဖြတ်ထုတ်မှုတွေပြုလုပ်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံကစားသမားဆု man of the match ကိုတော့ လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့တဲ့ အေသင် ဂိုးသမား အန်နီစတစ် က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။