ပရိသတ်ကြီးရေ.. အလုပ်တွေ မအားလပ်လို့ “ဇွတ်ကျား” ဟာသရုပ်ရှင်ဇာတ်ကားကြီးကို မကြည့်လိုက်တဲ့ ဘော်ဒါတွေအတွက် သတင်းကောင်းလေး တစ်ခုပါးချင်ပါတယ်..။ အဲ့ဒါကတော့ ဇွတ်ကျားရုပ်ရှင်ဇာတ်ကားကြီးကို မကြည့်လိုက်ရတဲ့ မိတ်ဆွေတွေအတွက် “ဇွတ်ကျား” ဟာသရုပ်ရှင်ဇာတ်ကားကြီးကို ထပ်မံရက်တိုးပြီး ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်..။ အခုတစ်ကြိမ်ဟာ စတုတ္တအပတ်အဖြစ် ထပ်မံရုံတင်ပြသတာ ဖြစ်ပါတယ်..။ ဟာသပရိသတ်တွေအတွက် သတင်းကောင်းလေး တစ်ခုလည်း ဖြစ်ပါတယ်..။

ထပ်မံရုံတင်ပြသမယ့်ရက်ကတော့ ယနေ့ အောက်တိုဘာ(၂၀)ရက်နေ့မှ အောက်တိုဘာ(၂၆)ရက်နေ့အထိ (၆)ရက်တိုင်တိုင် ရုံတင်ပြသမှာ ဖြစ်ပါတယ်..။ ကြည့်ရှုနိုင်မယ့် ရုံတွေကတော့ ရန်ကုန်မှာဆိုရင်တော့ ရှေ့ဆောင်(၂)၊ မြေနီကုန်း(Dagon Center(2)၊ (09260887035, 09260887036) ။ ကန်သာယာ(မ/ဥက္ကလာ), Mega Ace ( တာမွေ ) , မြရတနာ( သာကေတ ) မြဟံသာ(သန်လျင်) တို့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်..။ ပဲခူး - ရွှေဟင်္သာ ၊ မန္တလေး မြို့မှာ ဆိုရင်တော့ Diamond , မြို့ဂုဏ်ရောင် နဲ့ ပြည်-မင်္ဂလာထွန်းသီရိ တို့မှာ ထပ်မံရုံတင်ပြသမှာ ဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်..။

"ဇွတ်ကျား" ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး) က ရိုက်ကူးထားပြီး ကျော်ရဲအောင်၊ မြင့်မြတ်(ဂျင်းကောင်)၊ မိုးအောင်ရင်၊ ထက်အောင်ရှိုင်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ပက်ထရစ်ရှာ၊ သန္တာဗိုလ် တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဒိန်းဒေါင်၊ ဇော်ဝင်းမောင်နှင့် အခြား သရုပ်ဆောင်များလည်း ပါဝင် ရိုက်ကူးထားပါတယ်။ "ဇွတ်ကျား" ရုပ်ရှင်ဇာတ်ကားမှာ မင်းသားများရဲ့အခြောက်ခန်း ကာရိုက်တာများလည်း ပါဝင်ပြီး မင်းသမီးများနဲ့ အပြိုင် အလှခြင်းပြိုင် ဝုန်းမယ့် ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်ကြီးများလည်း ပါးစပ်မစေ့ရယ်ရမယ့် ဂျင်းကောင်ရဲ့ "ဇွတ်ကျား" ကို အားပေးလိုက်အောင်နော်..

Source - ဇြတ္က်ား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။