သွားနိုင်သူလေးနေခြည်လင်းလဲ့

နေခြည်လင်းလဲ့ဆိုတာတစ်ချိန်ကMTVနတ်သမီးလေး

တစ်ဦးပေါ့။ရဲလေးရဲ့ရင်ခုန်သံစကားလေးတစ်ခွန်း

ဆိုတဲ့သီချင်းလေးမှာသရုပ်ဆောင်ခဲ့တဲ့သူ့ဟာ

ဆယ်ကျော်သက်တွေရဲ့အိမ်မက်နတ်သမီးလေးတစ်ဦး

ဖြစ်ခဲ့ပါတယ်။နောက်ထပ်သူ့ကိုပရိသတ်တွေသိသွားစေ

ခဲ့တဲ့MTVလေးတစ်ပုဒ်ကတော့မိစန္ဒီရဲ့နှစ်ယောက်မရှိဘူး

ဆိုတဲ့သီချင်းလေးပါ။အဲ့ဒီMTVလေးထဲမှာတော့မြတ်သူကျော်

နဲ့သရုပ်ဆောင်ခဲ့တာပါ။

ဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့အတွက်နေခြည်လင်းလဲ့

မှာအနုပညာအလုပ်တွေလုပ်ရာမှာအကန့်အသတ်ရှိပါတယ်။

ဒါကြောင့်ဒီဘက်ပိုင်းမှာသူမရဲ့အနုပညာလှုပ်ရှားမှုတွေ

ကျဲပါးသွားခဲ့တာပါ။ဒါပေမယ့်သူ့ကိုချစ်တဲ့ပရိသတ်ကြီး

ကတော့MTVနတ်သမီးလေးကိုအနုပညာအလုပ်တွေ

အရင်လိုသိုင်းသိုင်းဝိုင်းဝိုင်းပြန်လုပ်စေချင်နေကြပါတယ်။

အခုလောလောဆယ်နေခြည်လင်းလဲ့လေးဘာလုပ်နေမလဲ

ဆိုတာလည်းပရိသတ်ကြီးသိချင်နေမယ်ထင်ပါတယ်။

ဆရာဝန်မလေးဟာအခုတလောခရီးတွေအရမ်းထွက်

နေပါတယ်။ခရီးသွားတော့သူရဲ့ဓာတ်ပုံလှလှလေးတွေတင်ပါတယ်။

ဓာတ်ပုံလေးတွေတင်တော့ပရိသတ်ကြီးအလွမ်းပြေရတာပေါ့၊

ဒီအောက်တိုဘာထဲမှာကိုစစ်ကိုင်း၊မင်းကွန်း၊

မန္တလေးကိုသွားခဲ့ပြီးပါပြီ။စစ်ကိုင်းကကောင်းမှုတော်ဘုရားကြီး၊

မင်းကွန်းပုထိုးတော်ကြီး၊မန္တလေးမဟာမြတ်မုနိဘုရားကြီး

ဆီကိုဘုရားဖူးသွားပြီးပြင်ဦးလွင်ကိုဆက်တက်ပါတယ်။

ပြင်ဦးလွင်မှာဒီဇင်ဘာခြံ၊မြို့ရှောင်လမ်းစတဲ့

နေရာလှလှလေးတွေမှာဓာတ်ပုံတွေရိုက်ပြီးရန်ကုန်ပြန်

လာပါတယ်။သိပ်မကြာခင်မှာပဲချောင်းသာကိုခရီးထွက်သွား

ပြန်ပါတယ်။ချောင်းသာကအမေးဇင်းရီဆော့မှာအပန်းဖြေရင်း

ကမ်းခြေပုံလှလှလေးတွေလည်းတင်နေပါတယ်။သွားနိုင်သူလေးပါနော်။

Source-Nay Chi Lin Lei

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။