အခုတလောမှာ လူမျက်နှာနဲ့ကြောင်လို ထူးဆန်းတဲ့သတ္တဝါရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာပျံနှ့ံလို့နေပါတယ်။ဒါကိုဗီဒီယိုဖိုင်နဲ့တကွရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်ဟာလည်း ကြည့်ရှုသူသန်းပေါင်းများစွာရှိခဲ့တဲ့ ဖိုင်တစ်ခုလဲဖြစ်ပါတယ်။လူတော်တော်များများကလည်းအံသြနေကြပါတယ်။မလေးရှားရဲ့ကတော့ ဒါကိုငြင်းဆန်ဖြေရှင်းတာကိုတွေ့ရပါတယ်။

မလေးရှားနိုင်ငံမှာ လူမျက်နှာနဲ့ ကြောင်လို ထူးဆန်းတဲ့ အကောင်ပေါက်လေး တွေ့တဲ့သတင်းကို ရဲတွေက ပယ်ချလိုက်ပါတယ်။

သတ္တဝါလေးရဲ့ ရုပ်ပုံတွေနဲ့ ဗွီဒီယိုရုပ်သံတွေ လူမှုကွန်ရက်စာမျက်နှာထက် ပျံ့နှ့ံနေပေမယ့် ရဲတွေက ဒီသတ္တဝါလေးရှိတယ်ဆိုတဲ့ သတင်းကို ငြင်းဆန်လိုက်တာပါ။

ထူးဆန်းသတ္တဝါရဲ့ ရုပ်သံကို မလေးရှားနိုင်ငံ အနောက်ပိုင်း ပဟန်းပြည်နယ်မှ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

ရုပ်သံထဲမှာ ထိပ်ပြောင်နေပြီး ပန်းရောင်အသားအရေ၊ ခြေလေးချောင်းရှိတဲ့ လူမျက်နှာနဲ့ သတ္တဝါလေးကို တွေ့ရပါတယ်။ သတ္တဝါရဲ့ ခြေလေးချောင်းစလုံးမှာ ခြေသည်းရှည်တွေပါပြီး ချွန်ထက်နေတဲ့သွား ၂ ချောင်းနဲ့ ဦးရေမှာ ဆံပင်ပါးပါးတွေလည်း ပေါက်နေပါတယ်။

ဒါပေမယ့် ပြည်နယ်ရဲချုပ် ဒါတက်ရိုစ်လီအက်ဘ်ဒူလ်ရာမန်က ဓာတ်ပုံတွေက အမှန််တွေမဟုတ်ဘူးလို့ ပြောပါတယ်။

“ထူးဆန်းသတ္တဝါလေးရဲ့ ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ မဖြန့်ဝေခင် ဒီပုံတွေကို အင်တာနက်ပေါ်က ဒေါင်းလုပ် လုပ်ထားတယ်ဆိုတာ ကျနော်တို့ရဲ့ စစ်ဆေးမှုကနေ သိရပါတယ်။ ဒီလို မသေချာတဲ့သတင်းတွေကို ဖြန့်ဝေတာ လူထုအနေနဲ့ ရပ်တန့်သင့်တယ်လို့ ကျနော်ထင်တယ်။”

ဒီရုပ်ပုံတွေက လူမှုကွန်ရက်ပေါ်မှာ ရောင်းတဲ့ ဆီလီကွန်နဲ့လုပ်ထားတဲ့ မြေခွေးပေါက် အရုပ် ဖြစ်မယ်လို့ ရဲတွေက ယူဆနေကြပြီး ဒီလိုသတ္တဝါတွေ့တယ်ဆိုတဲ့ သတင်းလည်း မရခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။ 

လူသားမျက်နှာနဲ့ ထူးဆန်းတဲ့ ကြောင်လိုသတ္တဝါလေးကို ပဟန်းပြည်နယ် နယ်စပ်နားမှာ တွေ့တယ်လို့ သတင်းရပြီးနောက် သတ္တဝါလေးရဲ့ရုပ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဘယ်နေရာဆိုတာ မသိရှိပေမယ့် ဓာတ်ခွဲခန်းတခုထဲမှာ သတ္တဝါလေးကို ထိန်းသိမ်းထားတယ်လို့ ပုံရဲ့အောက်မှာ စာရေးပြီး အခိုင်အမာ ပြောထားတာပါ။

ဒီနှစ်အစောပိုင်းတုန်းကလည်း အိန္ဒိယနိုင်ငံက ရွာတရွာမှာ လူမျက်နှာနဲ့ ဆိတ်ကလေးတကောင် မွေးခဲ့လို့ ရွာသားတွေ ထိတ်လန့်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ ပဟေဠိဖြစ်ခဲ့ရပါတယ်။

နောက်အထူးအဆန်းတခု အနေနဲ့ ဒီနှစ်အစောပိုင်းမှာပဲ နိုင်ဂျီးရီးယားနိုင်ငံမှာ အမျိုးသမီးတဦးက ၂ နှစ် ကိုယ်ဝန်ဆောင်ခဲ့ပြီး ဆိတ်တကောင် မွေးဖွားခဲ့တယ်လို့ ပြောလိုက်ကာ ရုပ်ပုံတွေလည်း ထွက်ပေါ်လာတယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ် - DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။