ပရိသတ်ကိုယ်စီရှိကြတဲ့ နာမည်ကျော်မိတ်ကပ်ပညာရှင် မထက် နဲ့ ဂေးအလှမယ် မျိုးကိုကိုစန်း တို့ နှစ်ဦးလုံးဟာ အမျိုးသမီးဘဝအဖြစ် လိင်ပြောင်းခွဲစိတ်မှုခံယူထားသူတွေပါ။

မိန်းကလေးအစစ်တွေထက်တောင် ကိတ်ပြီးလှနေကြတဲ့ သူတို့နှစ်ဦးဟာ သူတို့ကို အားပေးထောက်ခံကြတဲ့ပရိသတ်ကိုယ်စီရှိကြပြီးသားပါ။

ဂေးဘဝဆိုပေမယ့် ကို်ယ့်အစွမ်းစနဲ့ မိဘကို လုပ်ကျွေးနေကြသူတွေဖြစ်ပြိီး အနုပညာရပ်ဝန်းမှာလည်း လူသိများကြပါတယ်။

နိုင်ငံတကာမှာ လိင်ပြောင်းခွဲစိတ်မှုခံယူပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေသူတွေရှိကြသလို မထက်နဲ့ မျိုးကိုကိုစန်းကလည်း သူတို့ရဲ့ ယုံကြည်မှုတစ်ခုအတွက် ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ ရအောင်လုပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးလိင်အင်္ဂါပြောင်းလဲခွဲစိတ်ထားတဲ့ သူတို့နှစ်ဦးဟာ အချစ်ရေးနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ပရိသတ်ကိုချပြခြင်းမရှိသေးပါဘူး။

မိန်းကလေးအစစ်လားမှားလောက်အောင် လှကြတဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။  

Source : Myokokosan and Mahtet fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။