အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေလ်း ဟာ အာဆင်နယ်အသင်းနဲ့ စာချူပ်သက်တမ်းကုန်ဆုံးသွားပါက မန်ယူအသင်းကို ပြောင်းရွှေ့ကစားလိုနေတာ လည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းမှာ အတူလက်တွဲခဲ့တဲ့ ဆရာဟောင်း မော်ရင်ဟို နဲ့ နောက်တစ်ခါ ပြန်လည်လက်တွဲကစားဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။အိုဇေလ်းဟာ အာဆင်နယ်အသင်းနဲ့ စာချူပ်သက်တမ်းယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန် မှာ ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။

အိုဇေလ်း က" အာဆင်နယ်အသင်းမှာ သူလက်ရှိတွေ့ကြုံ နေရတဲ့ အခက်အခဲတွေကို မော်ရင်ဟို ကပဲ သူ့ကို ကယ်တင်နိုင်လိမ့်မယ်။ဒါ့ကြောင့်စာချူပ်သက်တမ်းကုန်ဆုံခဲ့ရင် မန်ယူအသင်းကိုပြောင်းရွှေ့ကစားသွားဖို့ ဆန္ဒ ရှိနေတာလည်းဖြစ်ပါတယ်။လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ မော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲသွားနိုင်ဖို့ မျှော်လင့်နေပါတယ်ဆိုပြီး" သူ့ရဲ့ အသင်းဖော်ကစားသမားတစ်ဦးကို ပြောခဲ့တာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ၂၀၁၃ ခုနှစ်က အိုဇေလ်းကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။အာစင်ဝင်းဂါးကတော့ အိုဇေလ်းကို ပြိုင်ဘက် အသင်းထံ ရောက်ရှိသွားမှာကို မလိုလားနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ မော်ရင်ဟိုကတော့ အိုဇေလ်းနဲ့ ပြန်လည်လက်တွဲသွားဖို့ အလေးသာနေခဲ့ပြီလည်းဖြစ်ပါတယ်။

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။