ကြမ်းပိုးလို့ပြောလိုက်တာနဲ့အကောင်သေးသေးလေးနဲ့အနံ့ နံပြီးတော်တော်ဒုက္ခပေးတဲ့ ဂြိုလ်သားဆိုတာအားလုံးသိပြီးကြမည်ဖြစ်ပါတယ်။ကြမ်းပိုးဟာအိပ်ယာတွေ,သစ်သားခုံကြားတွေ,အိမ်ကြမ်းခင်းကြားတွေမှာ အများဆုံးနေထိုင်တက်ပြီးသွေးစုပ်သတ္တဝါတစ်မျိုးဖြစ်တဲ့ ကြမ်းပိုးဒုက္ခပေးမှုကြောင့်ညဘက်အိပ်ရေးပျက်နေရသူတွေလဲအများကြီးရှိပါတယ်။ ကြမ်းပိုးဟာတော်ရုံနဲ့လဲမသေနိုင်ပဲအသက်ပြင်းတဲ့သတ္တဝါစာရင်းထဲမှာပါဝင်တယ်လို့သိရပါတယ်။ရေထဲမှာလဲအချိန်ကြာမြင့်စွာအသက်ရှင်နိုင်ပြီးလူတွေရဲ့သွေးကို၃လတိတိမစုပ်ပဲတောင်အသက်ရှင်နိုင်ပါတယ်လို့လေ့လာမှုအရသိရပါတယ်။ကြမ်းအန္တရာယ်ကိုကာကွယ်ဖို့ဓာတုဆေးနည်းတွေထက် ဘေးထွက်ဆိုးကျိုးကင်းပြီးလွယ်ကူရိုးရှင်းတဲ့အိမ်သုံးပစ္စည်းလေးတွေနဲ့ကြမ်းပိုးအန္တရယ်ကာကွယ်နိုင်မယ့်သဘာဝနည်းလမ်းလေးများကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

(၁)အဝတ်လျော်ရာမှာအသုံးပြုတဲ့ဆပ်ပြာမှုန့်,ဆပ်ပြာကရင်မ်တစ်မျိုးမျိုးကိုရေနဲ့ဖျော်ပြီးကြမ်းပိုးရှိတဲ့နေရာများကိုဖြန်းပေးပါ။

(၂)ဒူးရင်းသီးဟာထူးခြားပြင်းထန်တဲ့အနံ့ရှိတဲ့အတွက်အဲ့ဒီအနံ့ကိုကြမ်းပိုးတွေကြောက်ကြပါတယ်။ဒူးရင်းသီးအခွံကိုအိပ်ယာကုတင်ဘေး၊အိပ်ယာခင်းအောက်၊ခေါင်းအုံးအောက်တွေမှာထားပါ။ဒူးရင်းသီးအနံံ့မခံနိုင်တဲ့သူများကတော့အိပ်ခါနီးဖယ်အိပ်နိုင်ပါတယ်။

(၃)မြင်းသားအဆီကိုဆီမီးခွက်ထဲထည့်ပြီးမီးထွန်းထားရင်လဲ အဲ့ဒီအနံ့ကိုကြမ်းပိုးတွေကြောက်ကြပါတယ်။

(၄) အဝတ်ဘီရိုတွေထဲမှာထည့်နေကြဖြစ်တဲ့ပရုပ်လုံးများကိုလဲ ခေါင်းအုံး၊စောင်၊ ခြံထောင်နဲ့ အိပ်ယာဘေးမှာ ထည့်ထားပါ။ ပရုပ်လုံးအနံ့ကိုလဲဂျပိုးတွေကြောက်ကြပါတယ်။

(၅)ကြောင်မန်းရွှက် အနံ့ဟာလဲကြမ်းပိုးတွေကိုပြေးစေတာကြောင့် အိပ်ယာအောက်တွင်ထည့်ထားနိုင်ပါတယ်။

(၆)ကြမ်းကြားထဲမှာရှိနေတဲ့ကြမ်းပိုးတွေအတွက်ကတော့ ဖယောင်းကော်ဇောခင်းပါ။ဖယောင်းကော်ဇောအနံ့ကိုကြမ်းပိုးတွေကြောက်ကြပါတယ်။

(၇)နောက်ဆုံးတစ်ခုအနေနဲ့အသင့်ပြုလုပ်ထားတဲ့ဖြန်းဆေးတွေကိုပဲအလွယ်တကူသုံးချင်ပါတယ်ဆိုတဲ့ပရိသတ်ကြီးအတွက် Red Bugs Killer(ကြမ်းပိုးဖြန်းဆေး) ကိုဝယ်ယူသုံးစွဲနိုင်ပါတယ်။ဖြန်းဆေးကို ကလေးတွေနဲ့ဝေးရာမှာထားရမှာဖြစ်ပြီး ဖြုန်းဆေးအသုံးပြုတဲ့အခါမှာလဲ Mask(နှာခေါင်းစည်း)ကိုတပ်ဆင်အသုံးပြုဖိုု့လဲလိုပါတယ်။ကြမ်းပိုးဖြန်းဆေးဟာခြင်ဆေးထက်အဆပေါင်းများစွာပိုအန္တရာယ်များတဲ့အတွက်ဆေးဖြုန်းအသုံးပြုပြီးတဲ့အခါမှာလဲလက်ကိုစင်ကြယ်စွာသန့်စင်ဆေးကြောဖို့လဲလိုပါတယ်။

ပရိသတ်တွေအားလုံးအပေါ်ကညွန်ပြခဲ့တဲ့သဘာဝနည်းလမ်းလေးတွေနဲ့ ကြမ်းပိုးအန္တရာယ်ကာကွယ်နိုင်ပြီးအိပ်ရေးဝဝအိပ်စက်နိုင်ကြပါစေ။ပရိသတ်ကြီးကို ဒုက္ခပေးနေတဲ့ကြမ်းပိုးတွေကို တာ့တာလို့နှုတ်ဆက်လိုက်ကြရအောင်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။