ရန်ကုန်မှာ တွင်ကျယ်လာသော အငှားမယား စနစ်

အသားဖြူဖြူနှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရားများအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ၏မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်ေ သွးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။ ကျောလယ်လောက်အထိရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာဆန်ဆန် ရင်ဖုံးလက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။ သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်းမရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမဘဝ ဖြစ်နေသည်ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။

''ကျွန်မ ဒီအလုပ်ကို လက်ခံတာ နှစ်ကြိမ်ရှိပြီ။ ပထမလက်ခံတဲ့လူက အသက် ၃ဝ ကျော်ပဲရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ''ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။ သူလက်ခံသည်ဆိုသည့်အလုပ်မှာ အမျိုးသားတစ်ဦးနှင့် တိုက်ခန်းတစ်ခန်းတွင် တစ်လတန်သည်၊ နှစ်လတန်သည် အတူနေပေးရသည့် အငှားမယားဟု ဆိုရမည်ဖြစ်သည်။ ပြည့်တန်ဆာများကို ညည့် ငှက်၊ သွေးသားစျေးသယ်၊ ဇယား၊ လိင်ပိုင်းဆိုင်ရာကို အခကြေး ငွေယူ၍ ဖျော်ဖြေသူ အစရှိသဖြင့် ခေါ်ကြပြီး ထိုစကားလုံးများထက် နူးညံ့စွာ ဖြစ်ပေါ်လာသော စကားမှာ အငှားမယားပင် ဖြစ်လေတော့ သည်။

လှိုင်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသော လေးထပ်တိုက်ခန်း တစ်ခုမှာ မဇာခြည်တစ်ယောက် သူ့ကို ခေါ် ဆောင်ထားသူနှင့် အတူနေရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်၏အမြင်မှာမူ လင်မယားဟုပင် သိထားကြဟန်ရှိသည်။ မဇာခြည်မှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်၍ အထည်ချုပ်စက်ရုံ တစ်ရုံတွင် လေးနှစ်နီးပါး အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူသည် မိသားစု စားဝတ်နေရေး အခြေအနေ ကြောင့် ဆယ်တန်းအထိသာ ပညာဆည်းပူးခဲ့ရပြီး ညီအစ်မဝမ်းကွဲ ၏ အကူအညီဖြင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းရရှိသည့်လစာကို မိသားစုထံ ပြန်မပို့နိုင်ရုံသာ မက အဆောင်လခ၊ ဝမ်းစာနှင့်ပင် လုံးလည်လိုက်နေသောကြောင့် အဝတ်အထည်ကိုပင် လူတန်းစေ့ ဝတ်ဆင်နိုင်ရန် မနည်းရုန်းကန် ရသည်ဟု ဆိုသည်။

''အထည်ချုပ်မှာ လုပ်တုန်းကဆို ဇက်ကြောတွေက တက်၊ ခွဲတမ်းမပြီးရင် Leader တွက အော်ဟစ်ပြီးဆဲတော့တာ။ တစ်လကို ဝင်ဝင်ချင်းတုန်းက ခုနစ်သောင်း၊ နောက်နှစ်တွေကျမှ တစ်သိန်း လောက်ပဲရတာ၊ ပင် ပန်းသလောက် လစာမရခဲ့ဘူး''ဟု သူရပ်တည်ခဲ့ရပုံကို ပြောပြသည်။ အဆိုပါစက်ရုံတွင် ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရာမှ ယခုကဲ့သို့ ဘဝမျိုးထဲတွင် ကျင်လည်တတ်ရန် ခေါ်ဆောင်ပေးခဲ့သူမှာ အတူအလုပ် လုပ်နေသည့် ဝန်ထမ်းထဲမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။ ယင်းက ''အလုပ်ထဲက သူငယ်ချင်းတစ်ယောက်က ယောကျ်ားနဲ့မိန်းမဖြစ်တာ ဘာဆန်းလဲ။ ဒီမှာပဲ ဆက်ပြီး အလုပ်လုပ်နေရင် ဘာမှဖြစ်မလာ ဘူး။ နင်က ရုပ်လှတော့ သူက(ငှားရမ်းသည့်လူ) အတည်တကျတောင် လက်ထပ်ချင် လက်ထပ်မှာဆိုတာနဲ့ ဒီအလုပ်ကို လုပ်ဖြစ်သွားတာပါ''ဟုဆိုသည်။ ပထမဆုံး လက်ခံခဲ့သည့် အမျိုးသားက စက်ရုံတစ်ခုတွင် မန်နေဂျာအဆင့်ရှိကာ သူ့ကို ခရေပင်လမ်းခွဲသို့ လာရောက်ခေါ် ဆောင်ပြီး မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် အတူနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုစဉ်အခါကလည်း တိုက်ခန်းငှားရမ်းစဉ်က လင် မယားဟု ပြောကြားထားဟန်ရှိကြောင်း သူက ဆက်လက်ပြောပြသည်။

Source: Yangon Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။