တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ Jung II Woo ဟာ ပရိသတ်တွေကို တအံ့တသြ ဖြစ်စေခဲ့ပါတယ်..။ အဲ့ဒါကတော့ သူ့ရဲ့ပြောင်းလဲသွားတဲ့ အသွင်အပြင်ကြောင့် ပရိသတ်တွေ အံ့သြခဲ့တာ ဖြစ်ပါတယ်..။ စက်တင်ဘာ(၂၄)ရက်နေ့က ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ကိုယ်အလေးချိန်တတ်လာတာကို ပရိသတ်တွေ သတိထားမိပြီး အံ့သြခဲ့ကြတာ ဖြစ်ပါတယ်..။ Smart ကျကျနဲ့ အရင်က Body မဟုတ်တော့ ပေမယ့်လည်း သူ့ရဲ့ ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေဆဲပါပဲ..။

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၄)ရက်နေ့က ကျင်းပပြုလုပ်တဲ့ “2017 Seoripul Festival” ကို Jung II Woo က တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။ အဲ့ဒီပွဲဟာ ပရိသတ်တွေနဲ့ အများကြီးနဲ့ တွေ့ဆုံတဲ့ပွဲလေးဖြစ်ပြီး ပရိသတ်တွေကို အံ့သြစေခဲ့တာ ဖြစ်ပါတယ်…။ ဒါပေမယ့်လည်း သူရဲ့ ချိုသာပြီးချစ်ဖို့ကောင်းတဲ့ အပြုံးကြောင့် ပရိသတ်တွေကတော့ Jung II Woo ကို ချစ်ခင် အားပေးနေဆဲပါပဲ..။ Jung II Woo ရဲ့ ပရိသတ် တစ်ယောက်က အခုလို ပြောထားပါတယ်..။

“Jung II Woo က အရင်ကထက် ပိုဝလာပေမယ့် ကြည်ကောင်းနေဆဲပါပဲ..။ သူ့မှာ ချစ်စရာကောင်း ချိုသာတဲ့ အပြုံးကတော့ အမြဲတမ်းရှိနေပါတယ်..” ပရိသတ်တစ်ဦးက ပြောထားပါတယ်..။ သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန်မြင့်တတ်လာခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်ခင်အားပေးမှုကို ဆက်လက်ရရှိထားသူ ဖြစ်ပါတယ်..။ ၂၀၁၄ ခုနှစ်က MBC ရုပ်သံလှိုင်းက ထုတ်လွှင့်ပြသပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ “Diary Of A Night Watchman” ဇာတ်လမ်းတွဲဟာ ပရိသတ်ကြည့်ရှုအားပေးမှု များခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။