အမျိုးသမီး အများစုက မီးဖိုချောင်နဲ့ အင်မတန်မှ ရင်းနှီးလွန်းပါတယ်။ ထို မီးဖုုိချောင်မှာ ရှိတဲ့ အသီးအနှံများက ကိုယ့်မျက်နှာကို သာ ဖြူဝင်းပြီး လှပနိုင်မယ်ဆို အရမ်းကို ၀မ်းသာစရာကောင်းတဲ့ သတင်ကောင်း တစ်ခုပါပဲ။ ဒီလိုလေးတွေသာ သိထားမယ်ဆို မီးဖိုချောင် (သို့) ရေခဲသေတ္တာထဲမှာ ရှိတဲ့ တစ်ခု မဟုတ် တစ်ခုကို ကိုယ့်အသားအရေအတွက် အသုံးချဖြစ်မှာပါ။ ထို့ကြောင့် မိန်းကလေး အများစု အသုံးဝင်နိုင်စေဖို့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ် … ။

(၁) သံပရိုသီး (သို့) ရှောက်သီး

သံပရိုသီးနှင့် ရှောက်သီးတို့သည် အကောင်းဆုံးသော ချေးချွတ်ဆေးဖြစ်တာကြောင့် ထိုအသီးများကို ခြမ်းစိတ်ပြီး ပွတ်တိုက်ပေးခြင်းဖြင့် အသားအရေ လှပစေနိုင်ပါသည်။ ၀က်ခြံများကိုလည်း အလွယ်တကူ ကင်းဝေးစေပါသည်။ 

(၂) အာလူး

အားလူးကို ပါးပါးလှီးပြီး မျက်နှာပေါ် ကပ်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိ အမဲစက်များ ပျောက်ကင်းစေပြီး အသားအရေ ချောမွတ်စေပါတယ်။ ပုံမှန် လုပ်ပေးဖို့တော့ မမေ့နဲ့နော် ။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ပါးပါးလှီးတော့လည်း မျက်နှာပေါ် ကပ်ပေးနိုင်ပါတယ်။ ဤသို့ဖြင့် အသားအရေကို လှပစေရုံသာမက မျက်နှာလေးကိုလည်း ပန်းရောင်သန်းစေပါတယ်။

(၄) ပျားရည်နှင့် သံပရာသီး

ပျားရည်နှင့် သံပရာသီးအား ဆတူ ရောပြီး မျက်နှာပေါ်သို့ သုတ်လိမ်းပေးပါ။ ပြီးနောက် မျက်နှာသစ်လိုက်တဲ့အခါ အသားအရေ ချောမွေ့သွားတာကို သင်ခံစားရမှာပါ။

(၅) သခွားသီးနှင့် သံပရာသီး

သခွားသီးကို ပါးပါးလှီးပြီး သံပရာရည်နဲ့ စိမ်ပြီး မျက်နှာပေါ်ကပ်ပါ။ (သို့) သခွားသီး အရည်နှင့် သံပရာသီး အရည်ကို ပေါင်းပြီး မျက်နှာပေါ် လိမ်းပါ။ မျက်နှာ အသားအရေ လှပ ချောမွေ့လာပါလိမ့်မယ်။

(၆) လတ်ဆတ်သော အုန်းရည်

လတ်ဆတ်သော အုန်းရည်ကို အသုံးပြုပြီး အသားအရေပေါ် လိမ်းကျံခြင်းကလည်း ထူးခြားစွာပင် အသားအရေ ညီပြီး လှပစေပါတယ်။

(၇) သခွားသီးနှင့် ပျားရည်

သခွားသီးနှင့် ပျားရည်ကို လိမ်းပေးခြင်းဖြင့်လည်း သင့် အသားအရေကို တစ်နေ့ထက်တစ်နေ့ ကောင်းမွန်စေပါတယ်။ ပြီးရင်တော့ မျက်နှာသစ်ပေးပါ။

(၈) ကြက်ဥအကာ

ကြက်ဥ အနှစ်ကို ဖယ်ပြီး ကြက်ဥ အကာချည်းပဲကို မျက်နှာ အနှံ့ လိမ်းပါ။ တစ်ပတ်ကို နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ ကြက်ဥ အကာက သင့်မျက်နှာပေါ်က အမဲစက်တွေနဲ့ အသားအရေ ချောမွေ့ခြင်းအတွက် အထောက့်အပံ့ ပေးပါလိမ့်မယ်။

(၉) ငှက်ပျောသီးနှင့် နို့

ရယ်စရာကောင်းတယ်လို့ မထင်လိုက်ပါနဲ့။ တကယ်ပဲ ငှက်ပျောသီးနဲ့ နွားနို့ ပေါင်းစပ်ပြီးတော့ မျက်နှာပေါ် လိမ်းကြံခြင်းက မျက်နှာ အသားအရေကို တကယ်ပဲ ဖြူဝင်း စေပါတယ်။ နွားနို့နဲ့ ငှက်ပျောသီးကို ဖျော်ရည် အဖြစ် သောက်သုံးရင်လည်း ရပါတယ်။ ထိရောက်မှု နှေးပါလိမ့်မယ်။

(၁၀) နို့စိမ်း နှင့် နှင်းဆီးပန်း အရည်

ညမအိပ်ခင် မကျိုချက်ရသေးသော နို့စိမ်းနှင့် နှင်းဆီးပွင့်ဖတ်ကို အရည်ဖျော်ပြီး ဆတူ ရောပါ။ ပြီးလျှင် အိိပ်ရာ မဝင်ခင် လိမ်းပါ။ ဒီလို ပြုလုပ်ခြင်းကလည်း သင့်မျက်နှာအသားအရေ လှပစေမှာပါ။

(၁၁) မုန့်ဖုတ် ဆိုဒါ

မုန့်ဖုတ် ဆိုဒါကို ရေနှင့် အနည်းငယ်ရောပြီး မျက်နှာပေါ် နေရာအနှံ့ လိမ်းပါ။ (၁၅) မိနစ်ခန့် ထားပြီးနောက် မျက်နှာသစ်ပါ။ မကြာခဏ ပြုလုပ်ပေးပါ။ သိသာစွာ မျက်နှာအသားအရေ လှပလာပါလိမ့်မယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။