နိုင်နိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ဟာ ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်အတူတူရိုက်ကူးတော့မှာ ဖြစ်ပါတယ်..။ “လိပ်ပြာစံအိမ်” ဆိုတဲ့ ဒရမ်မာရုပ်ရှင်ဇာတ်ကားလေးကို တူတူရိုက်ကူးမှာ ဖြစ်ပါတယ်..။ Smart ကျတဲ့ နိုင်နိုင်းနဲ့ ချစ်စရာကောင်းတဲ့ ကစ်တို့ရဲ့ ပထမဆုံးအကြီမ် တွေ့ဆုံစေတဲ့ ရုပ်ရှင် ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်..။ အဲ့ဒီဇာတ်ကားလေးကို From Bangkok to Mangalay ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ Chartchai က ရိုက်ကူးပုံဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားဟာ မိသားစု ဒရမ်မာရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တယ်လို့ သိရပါတယ်..။ ပြီးခဲ့တဲ့ အောက်တိုဘာ(၁၈)ရက်နေ့က ရွှေတိဂုံဘုရားမှာ ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်..။ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်နိုင်း၊ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး အခြား အနပညာရှင်များလည်း ပါဝင်သရုပ်မှာဖြစ်တယ်လို့ သိရပါတယ်..။ အဲ့ဒီဇာတ်ကားမှာ နိုင်နိုင်း အနေနဲ့ ဓာတ်ပုံဆရာ၊ အယ်ဒီတာ တစ်ယောက်အဖြစ်ပါဝင်သရုပ်သွားမှာ ဖြစ်ပါတယ်..။

ကစ်ကတော့ မိသားစုကို အရမ်း သံယောဇဉ်ကြီးပြီး ဦးစားပေးတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်သွားမှာ ဖြစ်ပါတယ်..။ သူမအနေနဲ့ သူမရဲ့ ဇာတ်ကောင်အတွက် ယနေ့ အချိန်ထိ ရင်ခုန်နေတယ်လို့ သိရပါတယ်..။ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့နဲ့ ရေနံချောင်းဘက်မှာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။ မြန်မာနိုင်ငံမှာ ရိုက်ကူးမှာဖြစ်ပေမယ့်လည်း နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသဖို့အထိ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်..။ ဇာတ်ကားရိုက်ကူးမှုကိုတော့ လာမယ့် အောက်တိုဘာ(၂၁)ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။