သရုပ်ဆောင်နိုင်လူကတော့ သူ့ဘဝရဲ့ခံစားခဲ့ရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုခဲ့တာဟာ တကယ်ကို၀မ်းနည်းစရာပါပဲ။

ကျနော်ကိုတော်တော်မများများကတော့ ဟာသနေရာကခေါ်တဲ့လူသိပ်မရှိပါဘူး..တော်တော်များများကတော့ ..ကျနော်တို့ကဇာတ်ကားတစ်ကားကို ဇာတ်ရဲ့ခရော့စ် ဖြစ်မယ့်ဟာပေါ့ အကန်တွေလုပ်ရတာ..တော်တော်များများကတော့မကောင်းတဲ့ ကာရိုက်တာပေါ့နော်…တခါတလေကျတော့လဲထူးထူးဆန်းဆန်းပေါ့နော်..ရဲနေရာတွေလုပ်ရတယ်..တချို့ကာရိုက်တာတွေနဲ့တော်တော်များများ ခုနှစ်ကားလောက်လုပ်ခဲ့ရဘူးတယ်..မခိုင်သင်းကြည်တို့နဲ့..အဲဒီကားတွေမှာတော့ အခြောက်ကာရိုက်တာတွေနဲ့ ရိုက်ခဲ့ရဖူးတယ်..ကိုရန်အောင်တို့ဘာတို့တောင် တော်တော်လေးပြောတယ်..မင်းတော်တော်လုပ်နိုင်တာပဲ..ငါတောင်အံသြတယ်ပေါ့နော်..အဲလိုမျိုးတွေတော့ရှိခဲ့ပါတယ်..

ဒါအနုပညာလုပ်တာပဲလေ အနုပညာလုပ်တာဆိုရင်အတိုင်းအတာတစ်ခုမှာ သမီးက အခုသုံးယောက်ရှိတယ် အကြီးက ၁၇ နှစ် အလတ်က ၁၂ နှစ် အငယ်ဆုံးလေးကအခုမှ ၁၁ လပဲရှိသေးတယ်…သမီးအကြီးတုန်းက ကျောင်းသွာကြိုတယ်လာမကြိုနဲ့လိုတော့ ပြောတာပေါ့နော်..ကိုယ်ကလဲအဲနေ့ကသွားကြိုပေးတယ် ..သွားကြိုတော့သူ့သူငယ်ချင်းတွေက အကို့ကိုတွေ့တော့ အချင်းချင်းသူတို့ပြောကြတာပေါ့ ဟယ်..ဟိုမှာဟိုမှာ..လူဆိုးကြီးပေါ့နော်..လူယုတ်မာကြီးပေါ့နော်..အဲလိုမျိုးပြောတဲ့အခါကြတော့သမီးကငိုတယ်..အာကြောင့်မို့ပြောတာ အပြော အဖေကိုလာမကြိုပါနဲ့လိုပြောတာတဲ့ အိမ်ရောက်တော့ အဲအချိန်မှာကိုယ်ကတော့ နဲနဲလေးစိတ်မကောင်းလေးဖြစ်သွားတယ်..သမီးရယ်အဖေကဒါအလုပ်လုပ်တာပဲလို့..အဲနောက်ပိုင်းတော့ကိုယ်ကသိပ်မကြိုဖြစ်ဘူးပေါ့နော်..ဖယ်ရီနဲ့ပဲသွားတယ်..အိမ်ကတယောက်ယောက်ကိုသွားကြိုခိုင်းတာပဲရှိတယ်ပေါ့နော်..

နော်ပိုင်းကျတော့ အတန်းကြီးသွားတဲ့အခါကျတော့ အဲဒါမျိုးတွေသိပ်မရှိတော့ဘူး နားလည်သွားပြီပေါ့နော်..

တခါတလေကျတော့လဲ သူတို့ကကိုနဲ့အပြင်သိပ်မသွားချင်ကြဘူး..လူတွေဝိုင်းကြည့်တာနဲ့ပေါ့နော် မကြားတကြားပြောသွားတာမျိုးလေးပေါ့နော်..သူတို့လေးတွေလဲစိတ်ခံစားမှုလေးတွေရှိမှာပေါ့နော်..သူအဖေကမင်းသားမှမဟုတ်တာ…ကိုယ်ကလဲပြောပြတော့ နောက်ပိုင်းကျတော့ သူတို့နားလည်သွားပါတယ် 

သတင်းအရင်းအမြစ် - trend myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။