ဒီကနေ့ အောက်တိုဘာ (၂၀) ရက်နေ့မှာ ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ရုံတင်ပြသပြီ ဖြစ်တဲ့ “ အော်တိုဘုရင် ” ရုပ်ရှင်ဇာတ်ကားကို ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှ င်တွေက ပရိတ်သတ်တွေနဲ့အတူ လာရောက်ကြည့်ရှုပြီး အမှတ်တရလက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားမှာဆိုရင် အဓိကသရုပ်ဆောင်အနေနဲ့ ဦးဇာဂနာ ကျော်ကျော်ဗိုလ်နဲ့ အိချောပို တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဟာသဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ ပရိတ်သတ်  အကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးဖြစ်မှာတော့ သေချာပါတယ်။ သွားကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။

ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာသေချာပါတယ်နော်။ ဟာသဇာတ်မြူးလေးဖြစ်တာ ကြောင့် လုံးဝပျင်းရမှာမဟုတ်ပါဘူး။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် ကိုယ့်ရဲ့ချစ်သူ ခင်သူတွေနဲ့ အမြန်သာ သွားကြည့်လိုက်တော့ နော်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။