စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ ညီအစ်မဟာ ယနေ့ အောက်တိုဘာ(၂၀)ရက်နေ့မှာ သူမတို့ရဲ့ ကထိန်ကံထပ် ရဟန်းခံရှင်ပြု အလှူပွဲမှာ ဧည့်ပရိသတ်များကို ဧည့်ခံနေပါတယ်.။ သူမတို့ရဲ့ မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခွင့်ရသွားတဲ့ အတွက် အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပါတယ်..။ အောက်တိုဘာ(၁၉)ရက်နေ့က စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ ညီအစ်မနှစ်ယောက်ဟာ မောင်ရှင်လောင်း (၅၃)ပါးကို ဆံချကိုယ်ရင်ဝတ်ပေးခဲ့ပါတယ်..။ သူမတို့ ညီမနှစ်ယောက်ဟာ ဧည့်ခံကျွေးမွေးမယ့် အလှူအတွက်လည်း ချက်ပြုတ်နေကြတာကိုလည်း ကိုယ်တိုင်ပါဝင် ကူညီခဲ့ကြတာလည်း ဖြစ်ပါတယ်..။

အဲ့လို ကိုယ်တိုင်ပါဝင်ကူညီရင်း အရမ်းကို ဝမ်းသာပီတိ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်..။ စိုးပြည့်တို့ ညီအစ်မနှစ်ယောက်ရဲ့ အလှူအစီအစဉ်လေးကတော့ သံဃာတော်(၂၅)ပါးကို ကထိန်လျာသင်္ကန်းကပ်လှူတာ ဖြစ်ပြီး စကားအင်းကျေးရွာ၊ ဇီးကန်တောရကျောင်းဆရာတော် အရှင်တေဇနိယ အား ကံထပ်မင်္ဂလာ ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်..။ သူမတို့ရဲ့ မွန်မြတ်တဲ့ အလှူလေးကို မန္တလေးတိုင်း၊ တံတားဦးမြို့၊ စကားအင်းကျေးရွာ၊ ဇီးကန်တောရကျောင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။

အောက်တိုဘာ(၁၉)ရက်နေ့ကတော့ မောင်ရှင်လောင်း (၅၃)့ပါးကို ဆံချကိုယ်ရင်ဝတ်ပေးခဲ့ပါတယ်..။ ယနေ့အောက်တိုဘာ(၂၀)ရက်နေ့မှာ နံနက်(၈)နာရီမှ (၁၁၀)နာရီအထိ ဧည့်ခံကျွေးမွေးတဲ့ အလှူအစီအစဉ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။ သူတို့ရဲ့ အလှူလေးကို မနစ်ကတည်းက ပြုလုပ်ချင်ခဲ့တာ ဖြစ်ပေမယ့် ယခုနှစ်မှာ အကောင်အထည်ဖော်ခွင့်ရလိုက်တဲ့အတွက် အရမ်းကို ပျော်ရွှင်ကြည်နူးကာ ပီတိဖြစ်မိတယ်လို့ ဆိုပါတယ်..။ ဒီနှစ်မှာတော့ သူမတို့ရဲ့ ရည်မှန်းချက်လေး ပြည့်ဝခဲ့ပြီ ဖြစ်ပါတယ်..။

Photo - စိုးပြည့်သဇင် & စန္ဒီမြင့်လွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။